ကျောက်တန်းပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေးဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ကျောက်တန်းမြို့နယ် တာဝန်ခံ ဒေါ်အေးမင်းမိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမောင်မောင်တာ၊ မြို့နယ်ပါတီကော်မတီ ၀င်များသည် မေလ (၁၂) ရက်နေ့က ကျောက်တန်းမြို့နယ် ရွာသစ်ကလေးကျေးရွာ၊ ကရင်ချောင် ကျေးရွာနှင့် ပန်းတောကျေးရွာများသို့ သွားရောက်၍ ရပ်/ကျေးပါတီကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူ မြို့နယ်ပါတီကော်မတီဝင် ဦးနိုင်ဝင်းခေါင်းဆောင်သည့်အဖွဲ့မှ ဇွဲဘာကုန်းတန်း၊ ကမာ ကလုတ်ကျေးရွာများသို့လည်းကောင်း၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးသန်းဝင်း ခေါင်းဆောင်သည့် အဖွဲ့မှ သနပ္ပင်ချင်းကျေးရွာ၊ ဘော်ဂလွတ်ကျေးရွာ၊ ချောင်းဝကျေးရွာနှင့် မီးပြကျေးရွာများသို့ သွားရောက်၍ ရပ်/ကျေးပါတီကော်မတီ ပြင်ဆင် ဖွဲ့စည်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Credit -Aye Min Moe