COVID-19 ရောဂါ ကင်းရှင်းကြောင်း နယူးဇီလန်ကြေညာ

နယူးဇီလန်နိုင်ငံမှာ COVID-19 ရောဂါကင်းရှင်းသွားပြီလို့ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

COVID-19 တိုက်ဖျက်ရေးမှာ နယူးဇီလန်အနေနဲ့ အောင်မြင်မှု တခုရအောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီဗိုင်းရပ်စ်ကို ချေမှုန်းဖို့ အားလုံး တစည်းတလုံးထဲ ညီညီညွှတ်ညွှတ်လုပ်ဆောင်ခဲ့တာပါ။ ဒီကပ်ရောဂါကြောင့် သေဆုံးသွားခဲ့ရသူတွေကိုလည်း အသိအမှတ်ပြုပါတယ်။ ကျမတို့ အားလုံး လက်တွဲဆောင်ရွက်ခဲ့ကြသလို တတ်နိုင်သမျှ ဖေးမပေးခဲ့ကြပါတယ်။

ကမ္ဘာ့ကပ်ရောဂါအတွင်း Zoom ကုမ္ပဏီ၏ ရောင်းအား သိသိသာသာမြင့်တက်

ဆန်ဂျိုးစ်- ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုကြောင့် လူသန်းပေါင်းများစွာ အွန်လိုင်းမှ အလုပ်လုပ်နေကြရစဉ် ဗီဒီယို ဆက်သွယ်ရေးကုမ္ပဏီ Zoom ၏ ဆော့ဖ်ဝဲအသုံးပြုမှုများ ဧပြီက အဆ ၃၀ မြင့်တက်ခဲ့သည်။

အသုံးပြုမှု အများဆုံးအချိန် က အွန်လိုင်းဆွေးနွေးမှုများတွင် နေ့စဉ်ပါဝင်သူ သန်း ၃၀၀ ကျော် ရှိခဲ့ပြီး အခပေးသုံးသော ဖောက်သည်များ သုံးဆကျော် မြင့်တက် ခဲ့သည်။

၅ ရက်အတွင်း လူပေါင်း ၂,၅၀၀ ခန့် အဖမ်းခံရပြီးနောက် လော့အိန်ဂျလိစ်မြို့၌ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေ

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ဒေသဆိုင်ရာ အာဏာပိုင်များက ည ၆ နာရီမှ စတင်ကာ ညမထွက်ရ အမိန့်သစ်ထုတ်ပြန်လိုက်စဉ်အတွင်းမှာပင် ရာပေါင်းများစွာသော ပြည်သူများသည် ဇွန် ၂ ရက်က လော့အိန်ဂျလိစ်မြို့အတွင်းရှိ နေရာများစွာ၌ စုရုံးရောက်ရှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲတွေကိုင်တွယ်ပုံပျော့ညံ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို သမ္မတ Trump ဝေဖန်

အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်Minneapolis မြို့မှာ လူဖြူရဲတပ်ဖွဲ့ဝင် တဦးကြောင့် လူမည်း အမျိုးသား တဦး သေဆုံးခဲ့ရပြီးနောက် နိုင်ငံတ၀န်း ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ ၆ ည ဆက်တိုက် ပရမ်းပတာ ဆန္ဒပြပွဲတွေ ဖြစ်နေတာမှာ ဆန္ဒပြသူတွေကို ဖမ်းဆီး ဖြိုခွဲဖို့ သမ္မတ Donald Trump က တောင်းဆိုလိုက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ပျော့ညံ့တယ်လို့လည်း တနလာင်္နေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

သမ္မတထရမ့်အစိုးရကို သမ္မတဟောင်း အိုဘားမား ဝေဖန်

လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ကို လူသိရှင်ကြား ပြစ်တင်ဝေဖန်မှုအဖြစ် အများက မှတ်ယူထားသော ပြောဆိုမှုအ တွင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက COVID- 19 ကမ္ဘာ့ကပ်ရောဂါကို အမေရိ ကန်အစိုးရ၏ တုံ့ပြန်ပုံအား ဝေ ဖန်သည်။

ရောဂါပျံ့နှံ့မှုကြောင့် ပိတ်ဆို့ထားသဖြင့် ဘွဲ့နှင်းသဘင် မကျင်းပနိုင်ဖြစ်ရသော အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသားများအတွက် အွန်လိုင်းမှ မိန့်ခွန်း ပြောကြားမှုနှစ်ခုအတွင်း အိုဘားမားက ဝေဖန်ခြင်းဖြစ်သည်။

အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူတွေ ပစ်သတ်ဖို့ သမ္မတ Duterte အမိန့်ပေး

ဖိလစ်ပိုင်သမ္မတဒူတာတီသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကို ဟန့်တားရန် ချမှတ်ထားသည့် စည်းမျဉ်းများအား ဖောက်ဖျက်ပါက ပစ်သတ်ရန် ခွင့်ပြုချက်ပေးထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ရှရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည့် ဆရာဝန် COVID-19 ကူးစက်ခံရ

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ခဲ့တဲ့ ဆရာဝန်တစ်ဦးက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်  ရှိတာကို စစ်ဆေးတွေ့ရှိတယ်လို့ မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်က မြို့တော် မော်စကိုရှိ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေကို ကုသပေးတဲ့ ဆေးရုံကို  သမ္မတ ပူတင် သွားခဲ့ရာမှာတော့ ဒေါက်တာ ဒန်းနစ်ပရိုရှန်ကိုဟာ  ပူတင်ကို ဆေးရုံအတွင်း လိုက်လံပြသခဲ့ပါတယ်။

အိန္ဒိယမှာ lockdown အမိန့်ကြောင့် ထိခိုက်ရသူတွေကို ဝန်ကြီးချုပ်တောင်းပန်

အိန္ဒိယမှာတော့ ဗိုင်းရပ်စ်ထိန်းချုပ်ဖို့ တစ်နိုင်ငံလုံးကို lockdown ချရာမှာ သန်းပေါင်းများစွာသော ဆင်းရဲသား ပြည်သူတွေကို ထိခိုက်နစ်နာမှုရှိ သွားစေတဲ့အတွက် ခွင့်လွှတ်ပေးဖို့ ဝန်ကြီးချုပ်နရင်ဒြာမိုဒီက ပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာ အိမ်ထဲက အိမ်ပြင်မထွက်ဖို့ ကန့်သတ်မှုကြောင့် နိုင်ငံသား ၁ ဒသမ ၃ ဘီလျံကျော်ဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ထောင်နဲ့ချီနဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာလည်း သူတို့ မွေးရပ်ဇာတိကို ပြန်ဖို့ ကီလိုမီတာထောင်နဲ့ချီ ကုန်းကြောင်းခရီးနှင်ခဲ့ရပါတယ်။  -Ref:BBC