
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အငြင်းပွားဖွယ် နယ်စပ်မူဝါဒအချို့ကို စည်းကြပ် အကောင်အထည်ဖော်ခဲ့သူ အမိ မြေလုံခြုံရေးဌာန အကြီးအကဲ ကီရစ်ဂျန်နယ်လ်ဆင်သည် ရာထူးမှ နုတ်ထွက်ခဲ့သည်။
ယင်းဌာနတွင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ခြင်းသည် တစ်သက်တာ ဂုဏ်ယူစရာဖြစ်ကြောင်း မစ္စစ်နယ်လ်ဆင်က ပြောသည်။ ၎င်း၏ နေရာတွင် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး ကော်မရှင်နာ ကီဗင်မက်အလီနန် က ယာယီအစားထိုး တာဝန်ယူမည်ဟု ထရန့်က တွစ်တာမှတစ်ဆင့် ဖော်ပြသည်။ နယ်လ်ဆင်သည် နယ်စပ်တံတိုင်း အဆိုပြုချက်နှင့် ရွှေ့ပြောင်းမိသားစုများ ခွဲထားရေး အကောင်အထည် ဖော်ရာတွင် တာဝန်ရှိသူဖြစ်သည်။









