
ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၃၀ကျော်အတွင်း ပထမဆုံးအနေနဲ့ စီးပွားဖြစ် ဝေလငါးဖမ်းဆီးတာကို ဇူလိုင် ၁ရက်နေ့က စပြီး ပြန်ခွင့်ပြုလိုက်ပါတယ်။ အဲဒီလိုခွင့်ပြုလိုက်တာကြောင့် တကမ္ဘာလုံးက ပြစ်တင်ဝေဖန်သံတွေ ထွက်ပေါ်လာပြီး ဝေလငါးတွေရဲ့ ကံကြမ္မာအပေါ် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဂျပန်ငါးလုပ်ငန်းအေဂျင်စီက ချမှတ်တဲ့ ငါးအကောင်ရေ ကန့်သတ်ပမာဏနဲ့အညီ စီးပွားဖြစ် ဝေလငါးဖမ်းတဲ့ လုပ်ငန်းကို အနာဂတ်မှာလည်း ဆက်လုပ်ချင်တယ်လို့ အသေးစား ဝေလငါးဖမ်း လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ယိုရှီဖူမီခါ့အိက ပြောပါတယ်။








