
ဝန်ကြီးအဖွဲ့ဝင်နှစ်ဦးက သူ့ရဲ့ ခေါင်းဆောင်မှုကို တိုက်ခိုက်ပြီး ရာထူးက နုတ်ထွက်သွားပြီးတဲ့နောက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံရေးဆက်လက်ရှင်သန်ရေး တိုက်ပွဲဝင်နေရပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ရီရှီဆူနက်နဲ့ ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ် တို့က တစ်ဦးနဲ့ တစ်ဦး ဆယ်မိနစ်အတွင်းမှာ နုတ်ထွက်ခဲ့ပြီး ဒုတိယဝန်ကြီးနဲ့ လက်ထောက် အများအပြားလည်း နုတ်ထွက်ခဲ့ပါတယ်။









