
အမေရိကနှင့်တောင်ကိုရီးယားတို့သည် ၎င်းတို့၏ အကြီးမားဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုအား အောက်တိုဘာ ၃၁ ရက်ကစတင်ခဲ့ပြီး နှစ်ဘက်စလုံးမှရာနှင့်ချီသော စစ်လေယာဉ်များပါဝင်ခဲ့သည်။
Vigilant Storm ဟုအမည်ပေးထားသော အဆိုပါစစ်ဆင်ရေးကို သောကြာနေ့အထိလုပ်ဆောင်မည်ဖြစ်ပြီး စစ်လေယာဉ် အစင်းပေါင်း၂၄၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း အမေရိကန်လေတပ်က ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ကြေငြာခဲ့သည်။
ပြုံယမ်းကမူ ယင်းသို့ပြုမူခြင်းသည် ဝါရှင်တန်နှင့်ဆိုးလ်တို့၏ ရန်လိုသောမူဝါဒများနှင့် ကျူးကျော်ရန်စလိုသော လုပ်ရပ်အဖြစ်ရှုံ့ချခဲ့သည်။









