
ထိုင်းနိုင်ငံဆိုင်ရာ ကန်သံအမတ်၏ ထိုင်းနိုင်ငံလူ့အခွင့်အရေးအပေါ် ဝေဖန်မှုနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကြီးစွာမနှစ်မြို့ဟု သိရသည်။
ပြီးခဲ့သည့်အပတ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူနွင်နိုင်းနှင့် တွေ့ဆုံအပြီး အင်တာဗျူးတစ်ခုအတွင်း သံအမတ် ဂလင်းဒေဗီးစ်က နိုင်ငံတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ ၎င်းအနေဖြင့် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောခဲ့သည် ဟု သိရသည်။ ယင်းသို့ပြောဆိုခဲ့မှုအပေါ် ထိုင်းအစိုးရအနေဖြင့်ရော ပြည်သူများကပါ များစွာဘဝင်မကျဖြစ်ရကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဆိုသည်။








