
အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ကားအစိတ်အပိုင်းများ။
အာဖဂန်နစ္စတန် တာလီဘန် စစ်သွေးကြွများက ၎င်းတို့၏ ခေါင်းဆောင်သစ်ကို တင်မြှောက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ကားအစိတ်အပိုင်းများ။
အာဖဂန်နစ္စတန် တာလီဘန် စစ်သွေးကြွများက ၎င်းတို့၏ ခေါင်းဆောင်သစ်ကို တင်မြှောက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ဂျပန်နိုင်ငံမှာ အမုန်းတရားပြောဆိုရေးသားထုတ်လွှင့်မှုကို တားမြစ်တဲ့ဥပဒေတရပ်ကို ဒိုင်ယက် လွှတ်တော်မှာ ဒီကနေ့ ပြဋ္ဌာန်းပါတယ်။
မေလ ၁၂ ရက်နေ့က အထက်လွှတ်တော်တရားရေးဆိုင်ရာ ကြားနာပွဲမှာ အမုန်းတရား ပြောကြားမှုနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီးနောက် ဒီကနေ့ ဒိုင်ယက်လွှတ်တော် က အတည်ပြုတာဖြစ်တယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

ဒမတ်စကပ်၊ မေ ၂၄ ။ ။ ဆီးရီးယားနိုင်ငံ ဆိပ်ကမ်းမြို့များဖြစ်သည့် တာတော့နှင့် ဂျာဘလက်ရှ်တို့တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားရာ နောက်ကွယ်၌ တူရကီ၊ ကာတာနှင့် ဆော်ဒီအာရေဗျတို့ ပါဝင်နေကြောင်း ဆီးရီးယားအစိုးရက စွပ်စွဲလိုက်သည်။
တိုက်ခိုက်မှုများက အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်ကာ ငြိမ်းချမ်းရေးကြိုးပမ်းမှုများအား လမ်းချော်စေကြောင်း နိုင်ငံပိုင်သတင်းဌာန ဆာနာတွင် ဖော်ပြခဲ့သည်။

မြေထဲပင်လယ်ထဲ ပျက်ကျခဲ့သည့် အီဂျစ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်သည် ပျက်မကျမီ ဦးတည်ချက် ပြောင်းလဲခဲ့ကြောင်း ဖော်ပြချက်များကို အီဂျစ် အာဏာပိုင်များက ငြင်းဆိုသွားသည်။
အီဂျစ်လေကြောင်းပိုင် Airbus A320 လေယာဉ်သည် မေ ၁၇ ရက်က ပါရီမှ ကိုင်ရိုသို့ ပျံသန်းစဉ် ဂရိရေပိုင်နက် အနီး၌ ပျက်ကျခဲ့သည်။ ဂရိကာကွယ်ရေး ဝန်ကြီးဌာနက လေယာဉ်သည် ပျက်မကျမီ ဘယ်ဘက်သို့ ၉၀ ဒီဂရီ
စောင်းချလိုက်ပြီး ထို့နောက်တွင် ၃၆၀ ဒီဂရီ လည်ဆင်းသွားပြီးမှ ရေထဲထိုးကျခဲ့သည်ကို ရေဒါမှတ်တမ်းများတွင် ဖမ်းယူ တွေ့ရှိခဲ့သည်ဟု အစောပိုင်းက ကြေညာခဲ့သည်။

ဘဂ္ဂဒက် မေ ၂၃
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်အက်ဘဒီသည် အိုင်အက်စ်အဖွဲ့က အခိုင်အမာ တပ်စွဲထားသော ဖော်လူဂျာမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲများ ဆင်နွှဲ မည်ဖြစ်ရာ တိုက်ပွဲများ မစတင်မီ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အီရတ်တပ်ဖွဲ့မှ သတိပေးမှုများ ပြုလုပ်ထားသည်။ ”ဖော်လူဂျာမြို့ လွတ်မြောက်ဖို့ သိပ်မကြာတော့ပါဘူး။

ဟနွိုင်း မေ ၂၃
အမေရိကန်သမ္မတဘားရက်အိုဘားမားသည် အာရှဒေသ၌ နိုင်ငံရေးအားပြိုင်မှုညီမျှမှုရှိစေရေး တနင်္လာနေ့က ဗီယက်နမ်သို့ ပထမဦးဆုံးအကြိမ်ဖြစ် သွားရောက်ခဲ့သည်။ တောင်တရုတ်ပင်လယ်အရေးတင်းမာမှုများ မြင့်တက် နေချိန် အမေရိကန်၏ ကာကွယ်ရေးစွမ်းအားမြှင့်တင်နိုင်ရေး ယခင်က ရန်ဘက် နိုင်ငံဖြစ်ခဲ့သော ဗီယက်နမ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ထိုခရီးစဉ်၌ ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကန်က အမေရိကန်နိုင်ငံသည် ဗီယက်နမ်အပေါ်လက်နက်ကုန်သွယ်မှုကို ပိတ်ပင်လိုက်ကြောင်း တနင်္လာနေ့က ပြောကြားသည်။

မေ ၂၃ ။ ။ စစ်ဘက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားလိုသည်ဟု မြောက်ကိုရီးယားဘက်က ကမ်းလှမ်းလိုက်သော်လည်း တောင်ကိုရီးယား အစိုးရဘက်က ယင်းကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချလိုက် သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ပြုံးယမ်းအစိုးရအနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်မှုမတိုင်ခင် ယင်း၏ နျူကလီးယားလက်နက်တပ်ဆင်လိုနေမှု ရည်ရွယ်ချက်များကို ကနဦး စွန့်လွှတ်ရန် လိုသည်ဟု ဆိုးလ်အစိုးရက ပြောကြားလိုက်သည်။

ဟိုချီမင်းစီးတီး၊ မေ ၂၃ ။ ။ ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်သမ္မတများ ဗီယက်နမ်သို့ သုံးကြိမ်မြောက် လာရောက်လည်ပတ်မှုအဖြစ် သမ္မတ အိုဘားမားက သုံးရက်တာခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ စတင်ရောက်ရှိပြီဖြစ်သည်။
အမေရိကန်က ပစိဖိတ်မဟာမိတ်များနှင့် ဆက်ဆံရေးတည်ထောင်နေသည့်ကာ နှစ်နိုင်ငံကြား နွေးထွေးသော ဆက်ဆံရေးကို ရည်သန်ကာ ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းအဖွဲ့က လန်ဒန်တွင် မေ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် စံပြု စီးကရက်ဘူးပုံစံကို တွေ့ရစဉ်
ဗြိတိန်နှင့် ပြင်သစ်၌ အမှတ်တံဆိပ်မပါသည့် စီးကရက်ဘူး ဥပဒေသည် မေလ (၂၀) ရက်တွင် စတင် သက်ဝင်လာပြီ ဖြစ်ရာ အမှတ်တံဆိပ်တပ်ထားသော စီးကရက်ဘူးခွံများ ဇာတ်သိမ်းသွားပြီဖြစ်သည်။ ယင်းဥပဒေကို စီးကရက်ကုမ္ပဏီ များက ဆန့်ကျင်နေသော်လည်း တက်ကြွလှုပ်ရှားသူများက အားပေး ထောက်ခံခဲ့ကြသည်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ တနင်္ဂနွေနေ့ (မေလ ၂၂ ရက်) တုန်းက စစ်အာဏာသိမ်းတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ ၂၀၀ ကျော်ဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ရွေးကောက်ခံအစိုးရလက်က စစ်အာဏာသိမ်းချိန်ကစပြီး စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေထဲမှာ ဒီတကြိမ်ဟာ အကြီးဆုံးတခုဖြစ်ပေမယ့် အာဏာပိုင်တွေဟာ အရင်တုန်းကလို လမ်းပေါ်မှာပဲဖြစ်ဖြစ် အွန်လိုင်းကနေပဲဖြစ်ဖြစ် ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ အရင်ပုံစံမျိုး မဟုတ်တော့ဘဲ သည်းခံတာတွေ့ရပါတယ်။