
နိုက်ဂျီးရီးယားတွင် ဘိုကိုဟာရမ် စစ်သွေးကြွများလက်မှ ထွက်ပြေးလာသူ အမြောက်အမြား အစာရေစာ ငတ်ပြတ်ပြီး အသက်ဆုံးရှုံးနေကြောင်း သိရသည်။
ကျန်းမာရေး ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုဖြစ်သည့် MSFက ဘိုကိုဟာရမ် လက်အောက်မှ တိမ်းရှောင်လာသူ ၂၀၀ ခန့်သည် ပြီးခဲ့သည့် တစ်လတည်းတွင်ပင် ဘာမာမြို့၌ သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။ “အရမ်းဆိုးရွားတဲ့ ကပ်ဘေးတစ်ခုလို ဖြစ်နေပြီး အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်”ဟု ဘာမာရှိ စစ်ဘေးရှောင် ဒုက္ခသည်များထံ သွားရောက်ခဲ့သည့် MSF တာဝန်ရှိသူများက ဆိုသည်။









