
အမေရိကန်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့မှုကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့က အဆိုပါ လူငယ်သည် ရဲအရာရှိများကို စတင်၍ သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် တုံ့ပြန်ခဲ့ရခြင်းဟု ဖြေရှင်းထားသည်။ ယခုသီတင်းပတ် အစောပိုင်းက လူငယ် နှစ်ဦးသည် အများပိုင် ပစ္စည်းများကို ရမ်းကား ဖျက်ဆီးနေကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုတစ်ခု ရောက်ရှိ လာသည့်နောက် ရဲအရာရှိများက ထိုနေရာသို့ သွားရောက်ခဲ့သည်။









