ACT, Black Mountain မှာ နှင်းတွေဖုံးလွှမ်းနေ (Credit: ABC)
သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ အအေးဓာတ်တွေ ဖြတ်သန်းနေတဲ့အတွက် နှင်းကျတာတွေအပြင် လေပြင်းတွေလည်း တိုက်ခိုက်နေပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်၊ တက်စမေးနီးယား၊ နယူးဆောက်သ်ဝေးလ်၊ မြို့တော် ကင်ဘာရာရှိရာ အထူးဒေသနဲ့ တောင်သြစတြေးလျ ပြည်နယ်တွေမှာ လေပြင်းတိုက်ခတ်မယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။