စစ်ကြောင့် ဖွတ်ဖွတ်ကြေနေသော ယီမင်နိုင်ငံတွင် ကာလ၀မ်းရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ၁၁၅ဦး သေဆုံးပြီး ၈၅၀၀ ခန့် နာမကျန်းဖြစ်နေကာ ဆေးရုံ၌လူနာများ စုပြုံလာသောကြောင့် နိုင်နိုင် နင်းနင်း ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)က တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။













