

သမ္မတ ရောဘတ်မူဂါဘီ နုတ်ထွက်ကြောင်း ကြေညာလိုက်သည့်နောက် ဇင်ဘာဘွေ တစ်နိုင်ငံလုံး သောင်းသောင်းဖြဖြ အောင်ပွဲခံနေခဲ့ကြောင်း သိရသည်။အသက် ၉၃ နှစ် ရှိပြီဖြစ်သော မူဂါဘီသည် နာမည် ဆိုးဖြင့် ကျော်ကြားသည့် အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဇင်ဘာဘွေကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့ သည်။ ၎င်းက မိမိ၏ နေရာကို ဘုရားသခင်မှလွဲ၍ ဖယ်ရှားနိုင်သူ မရှိဟု တစ်ချိန်က ကြွေးကြော်ခဲ့ဖူး သည်။









