

စင်ကာပူ ပတ်စ်ပို့တ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးမားဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်လာကြောင်း သိရသည်။ နိုင်ငံတစ်ခု၏ ပတ်စ်ပို့တ် ဩဇာ သက်ရောက်နိုင်စွမ်းကို အခြားနိုင်ငံများသို့ သွားလာရာတွင် ဗီဇာကင်းလွတ်ခွင့်နှင့် တိုင်းတာလေ့ ရှိသည်။ ပါရာဂွေး အစိုးရက စင်ကာပူ ပတ်စ်ပို့တ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သည့်နောက် ဂျာမနီကို ကျော်တက်ကာ စင်ကာပူက ထိပ်ဆုံးနေရာ ရောက်လာခြင်း ဖြစ်သည်။









