
ဂျပန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်
——————
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဒီဇင်ဘာ ၈ရက် ညက ပြင်းအား ၇ ဒသမ ၆အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ဟော့ကိုင်းဒိုး ကမ်းရိုးတန်းဒေသတွေအပြင် အောအိုမိုရီနဲ့ အီဝါတေ စီရင်စုတွေမှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။








