စင်ကာပူ ရေပိုင်နက်အတွင်း သင်္ဘောနှစ်စီး တိုက်မိမှု ဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးလျက် ရှိနေကြောင်း သိရသည်။
စင်ကာပူ တောင်ပိုင်း စစ္စတာစ်ကျွန်း တောင်ဘက် ရေမိုင် ၁.၇ မိုင်မျှ အကွာတွင် အင်ဒိုနီးရှားတွင် မှတ်ပုံတင်ထားသည့် ဆီတင်သင်္ဘော တစ်စီးနှင့် ဒိုမီနီကန်မှ သောင်တူးသင်္ဘောတစ်စီး တိုက်မိခဲ့ခြင်း ဖြစ်သည်။