အိုင်အက်စ် လက်အောက်မှ ပြန်လည် သိမ်းယူရရှိသည့် မြို့တစ်မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ကြေညာခဲ့သည်။

အိုင်အက်စ် လက်အောက်မှ ပြန်လည် သိမ်းယူရရှိသည့် မြို့တစ်မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ကြေညာခဲ့သည်။

ဝါရှင်တန်၊ အောက်တိုဘာ ၂၄
အမေရိကန်သမ္မတနှင့် စင်္ကာပူဝန်ကြီးချုပ်တို့သည် အိမ်ဖြူတော်၌တနင်္လာနေ့က တွေ့ဆုံစဉ်တွင် မြောက်ကိုရီး ယားအရေးကိစ္စနှင့် ပက်သက်၍ဆွေးနွေးခဲ့ပြီး ပြုံယမ်းအစိုးရ၏ နျူကလီးယားခြိမ်းခြောက်မှုများကို တန်ပြန် တုံ့ပြန်ရန် လိုအပ်သည့်အကြောင်းအရာများကို ပြောဆိုခဲ့သည်။


ဒေါ်နယ်ထရမ့်နှင့် လီရှင်လောင်းတို့သည် ဘဲဥပုံရုံးခန်းထဲ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထို့နောက်တွင် သူတို့သည် သတင်းစာရှင်းလင်းပွဲအသီးသီး ပြုလုပ်ခဲ့ကြသည်။
ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းခံစားခဲ့ရသော ဒေသခံများအား အကူအညီပေးရန် ရန်ပုံငွေရရှိရေးဖျော်ဖြေပွဲအခမ်းအနားတစ်ခုသို့ ကန်သမ္မတဟောင်း ငါးဦး စုပေါင်းတက်ရောက်ခဲ့သည်။


အောက်တိုဘာ ၂၁ ရက် တက္ကဆက်ပြည်နယ်တွင် ကျင်းပသော ထိုအခမ်းအနားသို့ ဘားရက်အိုဘားမား၊ ဂျော့ခ်ျဒဗလျူဘုရှ်၊ ဘီလ်ကလင်တန်၊ ဂျော့ခ်ျအိတ်ဒဗလျူဘုရှ်၊ ဂျင်မီကာတာ တို့ တက်ရောက်လာကြသည်။
ဟာဗေ၊ အာမာနှင့် မာရီယာစသည့် ဟာရီကိန်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအား ကူညီရန် One America Appealအဖွဲ့နှင့် အတူ အဆိုပါဒီမိုကရက်တစ် သမ္မတဟောင်း သုံးဦးနှင့် ရီပက်ဘလေကန်သမ္မတဟောင်း နှစ်ဦးတို့အတူ ပါဝင်ခဲ့ကြသည်။
ဂျပန်နိုင်ငံမှာ အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။


တိုင်ဖွန်းမုန်တိုင်းနဲ့အပြိုင် စောစောစီးစီး ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ အာဘေးရဲ့ ညွန့်ပေါင်းက အမတ် ၄၆၅ နေရာရှိတဲ့ ပါလီမန်မှာ ၃၁၁ နေရာ အနိုင်ရဖွယ်ရှိတဲ့အတွက် အမျိုးသားရေးဝါဒီ လက်ရှိဝန်ကြီးချုပ်ဟာ ဂျပန်ရဲ့ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင် ဖြစ်လာဖို့ ရှိနေပါတယ်။
ဒေါသတကြီး ဝေဖန်ကန့်ကွက်မှုများကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အနေဖြင့် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီကို နှလုံးလှ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ထားမှုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရသည်။


WHOက မူဂါဘီ အနေဖြင့် ဇင်ဘာဘွေနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် အပြည့်အဝ အာရုံစိုက် ကူညီနေခြင်းအတွက် ဂုဏ်ထူးဆောင် နှလုံးလှ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
Facebookပေါ်တွင် ရေးသားထားသည့် ပို့စ်တစ်ခု ဘာသာပြန် အမှားကြောင့် အစ္စရေး လုံခြုံရေး တပ်ဖွဲ့များ အလုပ်ရှုပ်သွားခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် သီတင်းပတ်က ပါလက်စတိုင်း အမျိုးသား တစ်ဦးသည် အာရပ်ဘာသာဖြင့် Facebook ပေါ်တွင် “ကောင်းသော မနက်ခင်းပါ”ဟု ရေးသားထားခဲ့သည်။ သို့သော် ယင်းစာသား ကို ဟီးဘရူးဘာသာဖြင့် ပြန်ဆိုချိန်တွင် “သူတို့ကို တိုက်ကြ”ဟု မှားယွင်းသွားခဲ့သည်။
အောက်တိုဘာ ၂၀
ခွဲထွက်ရေးကြိုးပမ်းနေလျက်ရှိတဲ့ ကက်တလိုးနီးယားဒေသအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပ်ဆိုင်းထားပြီး ဗဟိုအစိုးရကနေ တိုက်ရိုက်အုပ်ချုပ်မှုစနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း စပိန်အစိုးရက အောက်တိုဘာ ၁၉ ရက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲက ရလဒ်တွေအတိုင်းပဲ စပိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာသွားမည်ဆိုပြီး ကက်တလန်ဒေသ ခေါင်းဆောင်က ထပ်မံ ခြိမ်းခြောက်ပြောဆိုခဲ့ ပြီးနောက် မက်ဒရစ်အစိုးရက အထက်ပါအတိုင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မက္ကဆီကို နယ်ခြားတံတိုင်းအတွက် အမေရိကန်တွင် နမူနာပုံစံ တည်ဆောက်နေသည့် ဒီဇိုင်းအချို့ စတင် ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ အမေရိကန် ရွေးကောက်ပွဲကာလအတွင်း ဒေါ်နယ်လ်ထရမ့် မဲဆွယ် စည်းရုံးခဲ့သည့် အဓိက ကတိတစ်ခုမှာ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှုကို တားဆီးရန်အတွက် မက္ကဆီကိုနှင့် အမေရိကန် နယ်ခြားတလျှောက် တံတိုင်းရှည်ကြီး ကာကွယ်သွားမည် ဆိုခြင်း ဖြစ်သည်။

မြောက်ကိုရီးယားကို အင်အားပြသည့် အနေဖြင့် အမေရိကန်၏ လေယာဉ်တင် သင်္ဘောကြီးတစ်စီး ကိုရီးယား ကျွန်းဆွယ်အနီးတွင် ခုတ်မောင်း ကင်းလှည့်ခဲ့ကြောင်း သိရသည်။


အာရှတိုက်တွင် ဖြန့်ကျက်ထားသည့် အမေရိကန်၏ အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်သော USS Ronald Reaganသည် မြောက်ကိုရီးယား ကမ်းခြေမှ မိုင် ၁၀၀ မျှ အကွာတွင် ဖြတ်သန်း ခုတ်မောင်းခဲ့သည်။
မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို နျူကလီးယားဒုံးကျည်နဲ့ တိုက်ခိုက်နိုင်စွမ်းတဲ့ အခြေအနေကို ရောက်ဖို့ လ အတော်ကြာလောက်ပဲ လိုတော့တယ်လို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။


မြောက်ကိုရီးယား စစ်တပ်
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု ပိုကြီးလာတဲ့အပေါ်နဲ့ အရှေ့အာရှဒေသမှာ နျူကလီးယား လက်နက်ပြိုင်ဆိုင်မှု ဖြစ်လာနိုင်ခြေအပေါ် အထူးပဲ စိုးရိမ်မိတဲ့အကြောင်း ၀ါရှင်တန်မြို့တော်မှာ ကြာသပတေး နေ့ကလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်း CIA ညွှန်ကြားရေးမှူး Mike Pompeo ကပြောသွားပါတယ်။