
မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့အပေါ် အထူးတလည် ဧည့်ဝတ် ကျေပြွန်ခဲ့သည့် တောင်ကိုရီးယား၏ အပြုအမူအတွက် အထင်ကြီး ကျေးဇူးတင်မိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ချီးကျူးခဲ့သည်။
ညီမဖြစ်သူ ကင်မ်ယိုဂျောင် ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဖြောင်ချန်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားသို့ သုံးရက်ကြာ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားသို့ ပြန်လည် ရောက်ရှိချိန်တွင် ကင်မ်က ယခုလို မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။









