
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ မတ်လ ၁၉ ရက်နေ့က အူဘာ (Uber) မောင်းသူမဲ့ ကားတစီးနဲ့ တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
အရီဇိုးနားပြည်နယ် တမ်ပီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ မောင်းသူမဲ့ကားကြောင့် ပထမဦးဆုံးအကြိမ် လူသေမှု ဖြစ်ပါတယ်။
ဒီ့အတွက် အူဘာကုမ္ပဏီက အမေရိကန်ရှိ ပြည်နယ်တချို့နဲ့ ကနေဒါမှာ စမ်းသပ်နေတဲ့ မောင်းသူမဲ့ ကားအစီအစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။









