
ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် လက်ရှိ သမ္မတ နစ်ကိုလက်စ် မာဒူရိုက အနိုင်ရသွားခဲ့သည်။
မဲအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်၌ မာဒူရိုသည် ထောက်ခံမဲ ၆၇.၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ အဓိက အတိုက်အခံခေါင်းဆောင် ဟင်နရီ ဖယ်လ်ကွန်ကမူ မဲအရေအတွက် ၂၁.၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ထို့ကြောင့် မာဒူရိုသည် ဒုတိယ ၆ နှစ် သက်တမ်းအတွက် သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်တော့မည် ဖြစ်သည်။









