
နယူးဒေလီ၊ မေ ၃၁
လာမည့် ငါးနှစ်တာကာလအတွက် ကမ်းလှမ်းထားသည့် လစာနှုန်းထက် ပိုတိုးပေးရန် အိန္ဒိယနိုင်ငံက ဘဏ်ဝန်ထမ်း တစ်သန်းကျော်သည် နိုင်ငံအနှံ့ နှစ်ရက်တာ ဆန္ဒပြမှုကို မေ ၃၀ ရက်က စတင်ကြသည်။
ဘဏ်လုပ်သားဝန်ထမ်းများ၏ ၈၅ ရာခိုင်နှုန်းနီးပါး အဆိုပါ ဆန္ဒပြမှုအတွင်း ပါဝင်ကြကြောင်း All India Bank Employees Association မှ ညွှန်ကြားရေးမှူးချုပ် ဗန်တာတာချာလမ်က အီးပီအေသတင်းသို့ ပြောသည်။








