
ကရာချီ၊ ပါကစ္စတန်၊ မေ ၂၄
ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ကရာချီ၌ ယခုအပတ်အတွင်း အပူလိုင်းဖြတ်မှုများကြောင့် လူဒါဇင် ပေါင်းများစွာသေဆုံးခဲ့ရကြောင်း နာရေးကူညီမှုအသင်းတစ်သင်းက အင်္ဂါနေ့ကဆိုခဲ့ပြီး ဒေသတွင်းအပူချိန်မှာ ၁၀၈ ဒီဂရီ ဖာရင်ဟိုက်ရှိကြောင်း ပြောခဲ့သည်။
အက်ဒ်ဟီဖောင်ဒေးရှင်း၏အဆိုအရ ပူအိုက်လှသောရာသီဥတုကြောင့် ပြီးခဲ့သောရက်ပိုင်းအတွင်း ရေခဲတိုက်သို့ ၄င်းတို့ပို့ဆောင်နေကြ ပုံမှန်အလောင်းအရေအတွက်ထက် ပိုမိုများပြား လာကြောင်း သိရသည်။









