
အမေရိကန်နိုင်ငံ တရားရုံးချုပ်အားတွေ့ ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတရားဌာန(DOJ) က အမေရိကန်နိုင်ငံ၏ နိုင်ငံရေး၌ ဝင်ရောက်ခြေရှုပ်ရန် ကြိုးပမ်းနေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ရုရှားလူမျိုး အမျိုးသမီးတစ်ဦးကို ဇူလိုင် ၁၆ ရက်တွင် ဖမ်းဆီးတရားစွဲဆိုလိုက်ကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် Maria Butina ဆိုသူ အမျိုးသမီးအား ၄င်းနေထိုင်ရာ ဝါရှင်တန်ဒီစီမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း DOJ ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။









