
ဂျီနိုယာ၊ သြဂုတ် ၁၆
အီတလီ ၀န်ကြီးချုပ် ဂူဆပ်ပီကောင့်တီက လူပေါင်း ၃၉ ဦး သေဆုံးမှု ဖြစ်ခဲ့တဲ့ တံတားတစ်စင်း ကျိုးကျပြီးနောက်မှာ ဂျီနိုအာမြို့ကို အရေးပေါ်အခြေအနေ ၁၂ လတာ ကြေညာလိုက်ပါတယ်။

ဂျီနိုယာ၊ သြဂုတ် ၁၆
အီတလီ ၀န်ကြီးချုပ် ဂူဆပ်ပီကောင့်တီက လူပေါင်း ၃၉ ဦး သေဆုံးမှု ဖြစ်ခဲ့တဲ့ တံတားတစ်စင်း ကျိုးကျပြီးနောက်မှာ ဂျီနိုအာမြို့ကို အရေးပေါ်အခြေအနေ ၁၂ လတာ ကြေညာလိုက်ပါတယ်။

အမေရိကန်လုပ် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များ တူရကီထံ တင်ပို့ခြင်း မပြုရန် တားမြစ်သည့် အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုး အတည်ပြုလိုက်သည်။
အဆိုပါ တားမြစ်မှုသည် ထရမ့်၏ ကာကွယ်ရေး အစီအမံသစ် သဘောတူညီချက်များအနက်မှ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက် F-35 တိုက်လေယာဉ်များကို အမေရိကန် ဦးဆောင်ပြီး ဖန်တီး တည်ဆောက်ရာတွင် NATO အဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်သည့် တူရကီလည်း ငွေကြေး ထည့်ဝင်ခဲ့သည်။

အစ္စတန်ဘူလ်၊ သြဂုတ် ၁၅
အမေရိကန်ရဲ့ အပြစ်ပေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုံ့ပြန်ပြီး တူရကီအနေနဲ့ iPhone တို့လို အမေရိကန်လျှပ်စစ်ပစ္စည်းတွေကို သပိတ်မှောက်သွားမယ်လို့ သမ္မတ တေယစ်အာဒိုဂန်က သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။
တင်းမာမှုတွေကြောင့် ဆိုးဆိုးဝါးဝါး ထိုးကျသွားခဲ့တဲ့ တူရကီ လီရာငွေကြေးဟာ တစ်ချို့အပိုင်းတွေမှာ အနည်းငယ် ပြန်တက်လာချိန် သမ္မတက ပြောလာတာပဲ ဖြစ်ပါတယ်။

အီတလီနိုင်ငံမှာ ဖြစ်ပွားတဲ့ တံတားကျိုးကျမှုကြီးအပြီး အသက်ရှင် ကျန်နေသူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက အချိန်လု ရှာဖွေနေပါတယ်။
ဩဂုတ် ၁၄ ရက်က ဂျီနိုအာမြို့မှာ ဖြစ်ပွားတဲ့ မတော်တဆမှုအတွင်း လက်ရှိ အချိန်ထိ သေဆုံးသူ ၂၆ ဦးထိ ရှိလာပြီး ၁၅ ဦးက အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သြဂုတ် ၁၃ ရက်နေ့က အတည်ပြုလိုက်တဲ့ အမေရိကန် ကာကွယ်ရေးဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ သြဂုတ် ၁၄ ရက်နေ့မှာ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
အဲဒီဥပဒေမှာ တရုတ်ရဲ့ လုပ်ရပ်တွေကို တန်ပြန်ဖို့ မဟာဗျူဟာ ရေးဆွဲခြင်းနဲ့ ထိုင်ဝမ်ရဲ့ စစ်ရေးစွမ်းရည် အဆင်သင့်ဖြစ်မှုကို ဆန်းစစ်တာမျိုးတွေ ပါဝင်တဲ့အတွက် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

ဝါရှင်တန် ၊ သြဂုတ် ၁၄ ရက်
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အမျိုးသား ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း(NDAA) အတွက် အမေရိကန်ဒေါ်လာ ၇၁၆ ဘီလီယံကို ခွင့်ပြုကြောင်း သြဂုတ် ၁၃ ရက်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
အဆိုပါ ကာကွယ်ရေးအသုံးစရိတ်သည် ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ ရီပတ်ဗလီကန်ပါတီ သမ္မတလောင်းတစ်ဦးဖြစ်ခဲ့သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ထရမ့်၏ ဦးဆောင်မှုအပေါ် ပါတီအတွင်း အဓိက ဝေဖန်ထောက်ပြခဲ့သည်။

ကဘူးလ်၊ သြဂုတ် ၁၄
အာဖဂန်နစ္စတန် ဂါဇနီမြို့က တာလီဘန်တွေကို တိုက်ထုတ်နေတဲ့ ဖြစ်ပွားဆဲ တိုက်ပွဲအတွင်းမှာ ကျဆုံးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ အနည်းဆုံးရှိတယ်လို့ အစိုးရ၀န်ကြီးတစ်ဦးက သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။
“တိုက်ပွဲစဖြစ်ပြီး လေးရက်မြောက်အထိမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးပါတယ်။ အရပ်သား ၂၀ က ၃၀ ကြား သေဆုံးတယ်။”လို့ ကာကွယ်ရေးဝန်ကြီး ဘာဟာရာမီက ကဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရုရှားအစိုးရအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်များ မချမှတ်သေးသောကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်နိုင်ငံအပေါ် လက်တုံ့ပြန်ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ယခုအချိန်အထိ မညွှန်ကြားသေးကြောင်းနှင့် ယင်းပိတ်ဆို့အရေးယူမှုများသည် မည်သည့်အရာများဟု မရှင်းလင်းသေးကြောင်း ရုရှားအစိုးရက ဩ ဂုတ် ၁၃ ရက်တွင် ပြောသည်။
ရုရှားအစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်မည် ဟု ဩဂုတ် ၈ ရက်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ဆိုးလ် သြဂုတ် ၁၃
တောင်နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို ပြုံယမ်း မြို့၌ စက်တင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း တနင်္လာနေ့က စစ်မဲ့ဇုန်တွင် ပြုလုပ်သည့် တောင်နှင့် မြောက်နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် သဘောတူညီချက်ရခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟတ်သတင်းအေဂျင်စီ တွင် ဖော်ပြထားသည်။

သြဂုတ် ၁၃
နေရဲ့ အင်မတန် ပူပြင်းလှတဲ့ ၀န်းကျင်နားအထိ သွားပြီး အနီးကပ် စူးစမ်းလေ့လာမယ့် အာကာသယာဉ်ကို အမေရိကန် အာကာသ သိပ္ပံ အေဂျင်စီ (NASA) က သြဂုတ် ၁၂ ရက်မှာ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။