ဂျပန်ကာကွယ်ရေးအသုံးစရိတ် ၂ ဆကျော် ပိုတောင်း

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆကျော် တိုးပြီး တောင်းခံထားပါတယ်။ အဲဒီထဲမှာ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့အတွက် ဈေးကြီးတဲ့ အမေရိကန် စစ်လက်နက်ပစ္စည်းတွေ ဝယ်ဖို့လည်း ပါဝင်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကနေ နုတ်ထွက်မည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

သြဂုတ် ၃၁

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ မလုပ်ဘူးဆိုပါက ယင်းအဖွဲ့ကြီးကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောကြားသွားကြောင်း သိရပါတယ်။

အဆိုပါ ခြိမ်းခြောက်စကားကိုတော့ ထရမ့်က သြဂုတ် ၃၀ ရက်နေ့က Bloomberg သတင်းဌာနဲ့ အင်တာဗျူးတစ်ရပ်မှာ ပြောကြားသွားခြင်းလည်း ဖြစ်ပါတယ်။

အငြင်းပွားဖွယ် ပင်စင်ပြုပြင်ပြောင်းလဲမှုကို ဖြေလျှော့မှုတွေနဲ့အတူ ပူတင် အဆိုပြု

မော်စကို၊ သြဂုတ် ၃၀

ပြည်သူတွေ မကြိုက်တဲ့ ပင်စင်ပြုပြင်ပြောင်းလဲမှုကို ရုရှသမ္မတ ပူတင်ဟာ ဖြေလျှော့မှုအချို့နဲ့အတူ အဆိုပြုလာပါတယ်။

ခုလို လုပ်ဆောင်လာတာလည်း ပူတင်အနေနဲ့ လူထုထောက်ခံမှု ကျဆင်းလာနေတာကို တန့်ရပ်ဖို့ ကြိုးစားဟန်လည်း ရှိပါတယ်။

ယူကေမှာ ၁၈ နှစ်အောက်ကို အားဖြည့်အချိုရည်ရောင်းခွင့်ပိတ်ဖို့ စီစဉ်

အင်္ဂလန်မှာ အားဖြည့်အချိုရည်တွေကို ၁၈ နှစ်အောက် ကလေးတွေကို ရောင်းချခွင့် ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီအားဖြည့်အချိုရည်တွေမှာ သကြားနဲ့ ကဖင်းဓာတ် အများအပြား ပါဝင်ပြီး ဒါဟာ အဝလွန်ရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။

ယူကရိန်းစီးပွါးရေးကို မနှောက်ရှက်ဖို့ ကန်သတိပေး

Russian နှင့် Crimean ကို ဆက်သွယ်ထားတဲ့ တံတားတခု

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အစိုးရက သူတို့ယူဆချက်အားဖြင့် Azov ပင်လယ်နဲ့ Kerch ရေလက်ကြားတို့မှာ သွားလာနေတဲ့ နိုင်ငံတကာ ရေယာဉ်တွေကို ရုရှားတို့က ဟန့်တားနှောက်ယှက်နေတယ်လို့ ဆိုတာတွေကို ဆက်မလုပ်ဖို့ ကြာသပတေးနေ့က တောင်းဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံရဲ့ အဲဒီလုပ်ရပ်တွေဟာ ယူကရိန်းနိုင်ငံရဲ့စီးပွားရေး အားနည်းသွားစေဖို့ ကြိုးစားတာဖြစ်တယ်လို့ဆိုပြီး ရပ်ပစ်ဖို့ ပြောတာပါ။

လက်ရှိအချိန်မှာ တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှု ပြန်စဖြစ်မှာ မဟုတ်လို့ ထရမ့်ပြော

ဝါရှင်တန်၊ သြဂုတ် ၃၀

လက်ရှိအချိန်မှာ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြန်စဖြစ်ဖို့ အကြောင်းမရှိသေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။

ဒီအပြင်လည်း မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ လျော့ပါးအောင် တရုတ်က ကူညီခြင်း မရှိလို့လည်း အတိအလင်း ပြောပါတယ်။

အာဖဂန်တွင် စစ်အခြေစိုက်စခန်း တည်ဆောက်နေ ဆိုသည့်သတင်း တရုတ်ငြင်းဆို

အာဖဂန်နစ္စတန်နိုင်ငံထဲမှာ စစ်တပ်အခြေစိုက်စခန်းတခု တည်ဆောက်နေတယ်ဆိုတဲ့ သတင်းကို တရုတ်အစိုးရက သြဂုတ် ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

တရုတ်အစိုးရဟာ အာဖဂန်တပ်တွေအတွက် သင်တန်းပေးတဲ့ စခန်းတခု တည်ဆောက်နေပြီး တရုတ်စစ်သားတွေကိုပါ စေလွှတ်နိုင်တယ်လို့ ဟောင်ကောင်သတင်းစာ တစောင်က ရေးသားအပြီးမှာ ခုလို ငြင်းဆိုလိုက်တာပါ။

ရွှေ့ပြောင်း ဗင်နီဇွဲလား ပြည်သူများ အလုံးအရင်း ဝင်ရောက်မှုကြောင့် နယ်စပ်သို့ ဘရာဇီး စစ်တပ်များစေလွှတ်

ဗင်နီဇွဲလားဖက်မှ ရွှေ့ပြောင်း အခြေချသူများ အုံနှင့်ကျင်းနှင့် ဝင်ရောက်နေမှုကို ကြပ်မတ် ကိုင်တွယ်ရန် နယ်စပ်သို့ စစ်တပ်များ စေလွှတ်သွားမည်ဟု ဘရာဇီး အစိုးရက ကြေညာခဲ့သည်။

ဗင်နီဇွဲလားတွင် စီးပွားရေး ချွတ်ခြုံကျမှု၊ ငွေကြေး ဖောင်းပွမှု၊ စားနပ်ရိက္ခာ ရှားပါးမှုများကြောင့် နိုင်ငံသား အများအပြား ပတ်ဝန်းကျင် နိုင်ငံများသို့ ပြောင်းရွှေ့ ခိုလှုံလာကြခြင်းက ဒေသတွင်း ပြဿနာကြီးတစ်ခု အသွင်ကို ဆောင်လာသည်။ ပီရူးတွင် ရွှေ့ပြောင်းဝင်ရောက်သူ များပြားမှုကြောင့် ကျန်းမာရေး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရသလို ကိုလံဘီယာတွင်လက် အခက်အခဲများ ကြုံနေသည်။

ရာဇဝတ်ကောင်များကို ရဲများက ပစ်သတ်ခွင့် ရှိသင့်ဟု ဘရာဇီး သမ္မတလောင်းဆို

လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးအဖြစ် လူသိများသော ဂျယ်ဘိုလ်ဆွန်နာရိုသည် လာမည့် ရွေးကောက်ပွဲတွင် သမ္မတ မစ်ချယ်လ် တမ်မာကို အဓိက စိန်ခေါ်နိုင်မည့်သူ တစ်ဦးအဖြစ်လည်း ထင်ကြေးပေး ခံနေရသည်။ ၎င်းက ဘရာဇီး ရဲများသည် ရာဇဝတ်သားများကို သတ်ဖြတ်မိသည့်အခါ တရားရေးအရ ရင်ဆိုင်ဖြေရှင်းနေရကြောင်း၊ ယင်းအစား အဆိုပါ ရဲဝန်ထမ်းကို ဆုတံဆိပ်ပင် ချီးမြှင့်ထိုက်ကြောင်း အင်တာဗျူး အစီအစဉ် တစ်ခုတွင် မှတ်ချက်ပေးသွားခဲ့သည်။