
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ်အဖွဲ့ တွေ့ ဆုံစဉ် (ဓာတ်ပုံ-အင်တာနက်)
ဆိုးလ် ၊ စက်တင်ဘာ ၆ ရက်
မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်က မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တောင်ကိုရီးယားနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်နှင့် ယမန်နေ့ က တွေ့ ဆုံမှုအပြီးတွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားအလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ၄င်း၏ ကတိစကားကို ထပ်မံအတည်ပြု လိုက်ကြောင်း သိရသည်။









