
မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနား
အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်လက်နက်တွေ ထည့်သွင်း ပြသမထားတဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားဟာ ကြီးကျယ်သလို ဒါဟာ သိပ်ကို အပြုသဘောဆောင်တဲ့ ကြေညာမှုတခုဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ အရင် စစ်ရေးပြ အခမ်းအနားတွေမှာ မြောက်ကိုရီးယားက ဒီလိုလက်နက်တွေ ထည့်သွင်းပြသလေ့ ရှိပါတယ်။









