
ဟောင်ကောင်၊ စက်တင်ဘာ ၁၇
ဖိလစ်ပိုင်မြောက်ပိုင်းမှာ လူ ၅၉ ဦးကို သေဆုံးစေခဲ့တဲ့ မန်ကွတ်မုန်တိုင်းဟာ ဟောင်ကောင်နဲ့ မကာအိုတို့မှာ မွှေ့နှောက်ဖျက်ဆီးပြီးနောက် စက်တင်ဘာ ၁၆ ရက် နောက်ပိုင်းမှာ တရုတ်ပြည်မကြီးဆီ ၀င်ရောက်ပါတယ်။
ယခုနှစ်ရဲ့ ကမ္ဘာ့အကြီးဆုံး တိုင်ဖုန်းမုန်တိုင်း မန်ကွတ်ကြောင့် ဟောင်ကောင်မှာ သစ်ပင်တွေ ပြိုလဲတာ၊ မိုးမျှော်တိုက်တွေ ခါယမ်းတာတွေ ဖြစ်စေပြီး ဒဏ်ရာရသူ ၂၀၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။









