
ဝါရှင်တန်ပို့စ်သတင်းစာဆောင်းပါးရှင် ဂျာမယ် ကာရှော့ဂီ အသတ်ခံရသည်ဟု ယုံကြည်ကြောင်း တူရကီက ပြောကြားပြီးနောက် ၎င်းပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံသား ကာရှော့ဂီသည် အောက်တိုဘာ ၂ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးသို့ သွားရောက်လည်ပတ်ပြီးနောက် ပျောက်ဆုံးခဲ့သည်။









