စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှု ဂျပန်ပြန်လည် ခွင့်ပြု

ဂျပန်နိုင်ငံအနေဖြင့် ဝေလငါး ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာကော်မရှင်(IWC) မှ နုတ်ထွက်ပြီး လာမည့်နှစ်တွင် စီးပွားဖြစ် ဝေလငါးဖမ်းယူမှု ပြန်လည်စတင်မည်ဖြစ်ကြောင်း နိုင်ငံတကာက ဝေဖန်မည်ဟု မျှော်လင့်ရသော လုပ်ရပ်တစ်ခုအတွင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ယင်းကြေညာချက် ထွက်ပေါ်လာမည်ဟု ကျယ်ကျယ်ပြန့် ပြန့် မျှော်လင့်ထားပြီး ဂျပန်က စီးပွားဖြစ် ဝေလငါးဖမ်းမှု ပြန်လည်စတင်ခွင့်ပြုရေး IWC ကို ယခုနှစ် စောစောပိုင်းက စည်းရုံးရန် ကြိုးပမ်းမှုမအောင်မြင်ဖြစ်ခဲ့ ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကဘူးလ်ရှိ အစိုးရရုံး တစ်ရုံးကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှု သေဆုံးသူ အရေအတွက် မြင့်တက်

ကဘူးလ် ဒီဇင်ဘာ ၂၅

ကဘူးလ်မြို့ရှိ အစိုးရရုံးတစ်ရုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ အရေအတွက် မှာ ၄၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁ဝ ဦးရှိခဲ့ကြောင်း အာဖဂန် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဆီးရီးယား နိုင်ငံ အတွင်းရှိ တပ်ဖွဲ့ဝင် အချို့ အား ရုရှား နိုင်ငံ အစိုးရ မှ ပြန်လည် ရုပ်သိမ်း

ရုရှား နိုင်ငံ ၏ လေကြောင်း S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗလာဒီဗော့စ်တော ၊ ဒီဇင်ဘာ ၂၅ ရက်

ဆေးခြောက်ကို တရားဝင်သုံးစွဲဖို့် ထိုင်းဆုံးဖြတ်

ထိုင်း လွှတ်တော်က ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ သုတေသနပြုလုပ်ဖို့ တရားဝင်သုံးစွဲခွင့်ပြုရန် မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ လက်ရှိသုံးစွဲနေတဲ့ ၁၉၇၉ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ပြင်ဆင်ချက်မူကြမ်းရေးဆွဲခဲ့တဲ့ ကော်မတီဥက္ကဋ္ဌ ဆွန်ချိုင်းက ဒါဟာ ထိုင်းပြည်သူတွေအတွက် လွှတ်တော်က ပေးလိုက်တဲ့ နှစ်သစ်ကူးလက်ဆောင်ပါပဲလို့ ပြောပါတယ်။

သေဆုံးခဲ့သော အမေရိကန်ကျောင်းသားအတွက် မြောက်ကိုရီးယားမှ လျော်ကြေးပေးရန် ဆုံးဖြတ်

မြောက်ကိုရီးယားနိုင်ငံက ဖမ်းစီးထားပြီး ပြန်လွှတ်ပေးလိုက်ချိန်မှာ သေဆုံးသွားတဲ့ အမေရိကန် တက္ကသိုလ် ကျောင်းသား Otto Warmbier ရဲ့ မိဘတွေကို မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးဖို့ အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

ဂျပန် နိုင်ငံ အစိုးရ က လာမည့် ၅ နှစ်တာ ကာလ အတွင်း ပြည်ပ အလုပ်သမား သုံးသိန်းခွဲ ခန့် ခေါ်ယူရန် ဆုံးဖြတ်

ဂျပန် နိုင်ငံ ရှိ ကားထုတ်လုပ်သည့် စက်ရုံ တစ်ခု တွင် အလုပ်သမားများ လုပ်ငန်း ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

 

တိုကျို ၊ ဒီဇင်ဘာ ၂၅ ရက်

ကန် ယာယီကာကွယ်ရေးဝန်ကြီးအသစ် သမ္မတ Trump ခန့်အပ်

သမ္မတ Trump နှင့် ကန် ယာယီကာကွယ်ရေးဝန်ကြီးအသစ် Patrick Shanahan (၂၀၁၈ ဧပြီလ)

ရာထူးက အနားယူသွားတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis နေရာမှာ လက်ထောက် ကာကွယ်ရေးဝန်ကြီး Patrick Shanahan ကို ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ယာယီ အစားထိုး ခန့်အပ်သွားမယ်လို့ သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။ ၀န်ကြီး Mattis ကတော့ ရာထူးက အနားယူတော့မယ့် အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာပါ။

အီရန်နိုင်ငံတွင် လာဘ်ထိုးမှုဖြင့် စီးပွားရေးသမား တယောက်ကို သေဒဏ်ချမှတ်

အီရန်နိုင်ငံအတွင်း စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး အမြန်စစ်ဆေးတဲ့ တရားရုံးက စီးပွားရေးသမား တယောက်ကို ဒီဇင်ဘာ ၂၂ ရက်က သေဒဏ် စီရင်လိုက်ပါတယ်။

ဟာမီဒရေဇာ ဘာကေရီ ဒါမာနီကို လာဘ်ထိုးမှု လိမ်လည်မှုတွေ အပါအဝင်  “အဂတိလိုက်စားမှုတွေကို ဖြန့်ဖြူးမှု” နဲ့ စွဲချက်တွေအတွက် အစ္စလာမစ် ဥပဒေတွေအရ စီရင်ချက် ချလိုက်တာလို့ အစိုးရရုပ်သံက ပြောပါတယ်။

ထရန့်၏ နယ်စပ်နံရံနှင့် ပတ်သက်သော အငြင်းပွားမှုအတွင်း အစိုးရအဖွဲ့ တစ်စိတ်တစ်ပိုင်း ပိတ်သိမ်း

အမေရိကန်−မက္ကဆီကို နယ်စပ်တံတိုင်းကာရံနေသော လုပ်သားများကို တွေ့ရစဉ် (Carlos Garcia Rawlins / REUTERS)

 

မက္ကဆီကိုနယ်စပ် တစ်လျှောက် နံရံတစ်ခုတည် ဆောက်ရေး လွှတ်တော်က ကန် ဒေါ်လာ ငါးဘီလီယံ ခွင့်ပြုပေးရန် သမ္မတဒေါ်နယ်ထရန့်၏ တောင်းဆိုမှုနှင့်ပတ်သက်သည့် ပြင်းထန်သော အငြင်းပွားမှုတစ်ရပ်အတွင်း အမေရိကန် အစိုးရအဖွဲ့ သည် စနေနေ့ နံနက်က တစ်စိတ် တစ်ပိုင်း ပိတ်သိမ်းခဲ့သည်။

ဗုဒ္ဓဂါယာမှာ ပိဋက ၃ ပုံ ညီလာခံ ကျင်းပ

ဘုန်းတော်ကြီး ဒလိုင်း လားမားက အဖွင့်မိန့်ခွန်းပြောကြား

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပိဋက ၃ ပုံဆိုင်ရာ ညီလာခံကို တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားက အိန္ဒိယနိုင်ငံ၊ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာမှာ ဒီဇင်ဘာ ၂၂ ရက်၊ စနေနေ့ ဖွင့်လှစ် ပေးလိုက်ပါတယ်။