
အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ သီးခြားခွဲထွက်ရေး ခေါင်းဆောင်တွေနဲ့ မွတ်ဆလင် တက်ကြွလှုပ်ရှားသူ ၄၀၀ လောက်ကို အိန္ဒိယ အာဏာပိုင်တွေက ဒီသီတင်းပတ်ကုန် ည ပိုင်းတွေမှာ ဖမ်းဆီးလိုက်ပါတယ်။
အသေခံဗုံးအတိုက်ခံရပြီးတဲ့နောက် တပ်လည်း လှန့်ထားမြဲ လှန့်ထားပါတယ်။
ပါကစ္စတန်ကလည်း ပိုင်တယ်ပြောထားတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယအုပ်ချုပ်တာကို အာခံတဲ့ အုပ်စုတွေ အားပျော့သွားအောင် ခုလို ဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။












