
ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုသည် မတ် ၄ ရက်က ဗင်နီဇွဲလားသို့ ပြန်လည် ရောက်ရှိလာခဲ့ရာ ၎င်းကို ထောက်ခံသူထောင်ပေါင်းများစွာတို့က အလံများကို ဝှေ့ယမ်းကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုအစိုးရအဖွဲ့က ဂွိုက်ဒိုအားဖမ်းဆီးရန် ခြိမ်းခြောက် နေချိန်တွင် ၎င်းပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် စွန့်စားမှုတစ်ခုကို ရင်ဆိုင်နေရခြင်းဖြစ်ပြီး ထိုအရာက ကျွန်ုပ်တို့ကို ရပ်တန့်သွားစေခြင်းငှာ မစွမ်းဆောင်နိုင်ကြောင်း နိုင်ငံပေါင်း ၅၀ ကျော်၏ ထောက်ခံမှုကို ရရှိထားသည့် မစ္စတာဂွိုက်ဒိုက ပြောကြားခဲ့သည်။








