ပါကစ္စတန်နိုင်ငံ၌ တရားမဝင် ဆေးကုနေသည့် ဆရာဝန်အတု ၆ သိန်းကျော်ရှိ

ပါကစ္စတန်နိုင်ငံ၌ တရားမဝင် ဆေးကုနေသည့် ဆရာဝန်အတု ၆ သိန်းကျော်ရှိ
=========================
ဇန် ၂၆
ပါကစ္စတန်နိုင်ငံ၌ တရားမဝင်ဆေးကုသမှု လုပ်နေသည့် ဆရာဝန်အတု ၆ သိန်းကျော်ရှိကြောင်း ပါကစ္စတန်ဆေးဘက်ဆိုင်ရာ အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လက်ရှိဖြစ်ပွားနေသည့်အခြေအနေသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါသဖွယ် အန္တရာယ်ရှိသည့်အခြေအနေအဖြစ် ကျန်းမာရေးပညာရှင်များက သတ်မှတ်ထားသည်။

အီရန်၌ လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်အတွင်း လူ ၃,၁၁၇ ဦး သေဆုံးခဲ့သည်ဟု အီရန် တရားဝင်ထုတ်ပြန်

အီရန်၌ လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်အတွင်း လူ ၃,၁၁၇ ဦး သေဆုံးခဲ့သည်ဟု အီရန် တရားဝင်ထုတ်ပြန်
=========================
(နိုင်ငံတကာ) ဇန်နဝါရီ ၂၃

အီရန်နိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်ကြောင့် လူပေါင်း ၃,၁၁၇ သေဆုံးခဲ့ပြီး ယင်းအနက် ၂,၄၂၇ ဦးမှာ အများပြည်သူနှင့် တရားဥပဒေစိုးမိုရေးဝန်ထမ်းများဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန(IRIB) က အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဇန်နဝါရီလ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အမေရိကန်က NATO တပ်ဖွဲ့အတွင်း ပါဝင်မှုကို လျှော့ချရန်စီစဉ်

အမေရိကန်က NATO တပ်ဖွဲ့အတွင်း ပါဝင်မှုကို လျှော့ချရန်စီစဉ်
===============
(နိုင်ငံတကာ) ဇန်နဝါရီ ၂၂

အမေရိကန်နိုင်ငံသည် NATO တပ်ဖွဲ့အတွင်းပါဝင်မှုကို လျှော့ချရန်စီစဉ်ထားသည်ဟု သတင်းအရင်းအမြစ် များ၏ပြောဆိုချက်ကိုကိုးကား၍ Washington Post သတင်းဌာနက ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

သမ္မတထရန့် စီးနင်းလာတဲ့ Air Force One စက်ချို့ယွင်းလို့ ရေးပေါ်ဆင်းသက်ခဲ့ရ

သမ္မတထရန့် စီးနင်းလာတဲ့ Air Force One စက်ချို့ယွင်းလို့ ရေးပေါ်ဆင်းသက်ခဲ့ရ
==================
ဇန်နဝါရီ ၂၁

ဘီဟာပြည်နယ်လွှတ်တော်အမတ် နီတင်နာဘင်းကို ပါတီဥက္ကဋ္ဌသစ်အဖြစ် ဘရာတီယာဂျနေတာပါတီ ရွေးချယ်

ဘီဟာပြည်နယ်လွှတ်တော်အမတ် နီတင်နာဘင်းကို ပါတီဥက္ကဋ္ဌသစ်အဖြစ် ဘရာတီယာဂျနေတာပါတီ ရွေးချယ်
====================
ဇန်နဝါရီ ၂၁

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ ဘရာတီယာဂျနေတာပါတီ(ဘီဂျေပီ)သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦးကို ပါတီဥက္ကဋ္ဌအဖြစ် ဇန်နဝါရီလ ၂၀ ရက်တွင် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။

ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နေရာအတွက် ရုရှားသမ္မတ ဖိတ်ကြားခြင်းခံရ

ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နေရာအတွက် ရုရှားသမ္မတ ဖိတ်ကြားခြင်းခံရ
==========================
ရုရှားသမ္မတဗလာဒီမာပူတင်သည် ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နေရာအတွက် ဖိတ်ကြားခြင်းခံရကြောင်း ရုရှားသမ္မတရုံးက ဇန်နဝါရီလ ၁၉ ရက်တွင်ထုတ်ပြန်ထားသည်။ထိုငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် နိုင်ငံတကာအတိုင်းအတာအနေဖြင့် ပဋိပက္ခများကိုဖြေရှင်းရန်၊ ဂါဇာဒေသအတွင်းအုပ်ချုပ်မှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်တို့အတွက်ရည်ရွယ်ခြင်းဖြစ်သည်ဟု သမ္မတရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို အမေရိကန်သမ္မတက ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များကိုပါ ထိုအဖွဲ့တွင်ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ စည်းကြပ်ခွန်ခြိမ်းခြောက်မှုက လက်ခံနိုင်ဖွယ်မရှိဟု မက်ခရွန် ဆို

အမေရိကန်၏ စည်းကြပ်ခွန်ခြိမ်းခြောက်မှုက လက်ခံနိုင်ဖွယ်မရှိဟု မက်ခရွန် ဆို
======================
(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

အမေရိကန်သမ္မတ ထရမ့် က ဇန်နဝါရီလ ၁၇ ရက်တွင် ဂရင်းလန်းကျွန်းအား ထောက်ခံသည့် ဥရောပနိုင်ငံ များအပေါ် စည်းကြပ်ခွန်ထပ်တိုးကောက်ခံမည်ဟု ကြေညာပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန် က ထိုစည်းကြပ်ခွန် ခြိမ်းခြောက်မှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ဥရောပအနေဖြင့် စည်းလုံးညီညွတ်စွာ တုံ့ပြန်ရင်ဆိုင်သွားမည် ဖြစ်ကြောင်း လူမှုမီဒီယာ၌ပို့စ်တင်၍ ပြောကြားခဲ့သည်။

တောင်ကိုရီးယားက အဖျက်စွမ်းအားပြင်း အမြင့်ပျံဒုံးကျည်ကိုရှေ့တန်းစခန်းများ၌ စတင်ဖြန့်ကြက်

တောင်ကိုရီးယားက အဖျက်စွမ်းအားပြင်း အမြင့်ပျံဒုံးကျည်ကိုရှေ့တန်းစခန်းများ၌ စတင်ဖြန့်ကြက်
========================
ဇန် ၁၉
တောင်ကိုရီးယားနိုင်ငံက အဖျက်စွမ်းအားပြင်း သမားရိုးကျအမြင့်ပျံဒုံးကျည်ဖြစ်သည့် Hyunmoo-5 ဒုံးကျည်ကို ရှေ့တန်းစခန်းများ၌ စတင်ဖြန့်ကြက်လိုက်ပြီဖြစ်ကြောင်း စစ်ဘက်တာဝန်ရှိသူများက ဇန်နဝါရီလ ၁၈ ရက်တွင်ပြောသည်။ အဆိုပါဒုံးကျည်ကို ၎င်းသယ်ဆောင်နိုင်သည့် ထိပ်ဖူးအပေါ်မူတည်၍ ဧရာမဒုံးကျည်ဟုလည်းခေါ်သည်။
အလေးချိန်ရှစ်တန်အထိရှိသည့် ထိပ်ဖူးကိုသယ်ဆောင်နိုင်စွမ်းရှိသော မြေပြင်မှမြေပြင်ပစ် အဆိုပါဒုံးကျည်သည် ယမန်နှစ်နှောင်းပိုင်းကတည်းက ရှေ့တန်းစခန်းများ၌ဖြန့်ကြက်ထားခြင်းဖြစ်ပြီး၂၀၃၀ပြည့်နှစ်အရောက်တွင်စစ်ဆင်ရေးအတွက်အပြည့်အဝဖြန့်ကြက်နိုင်မည်ဖြစ်ကြောင်းတာဝန်ရှိသူများကပြောသည်။
Hyunmoo-5 ဒုံးကျည်သည် မြေပြင်အောက်တွင်ရှိသည့် ကွပ်ကဲမှုဘန်ကာများအပါအဝင် မြေအောက်စခန်းများအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိသည့်ဒုံးကျည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင်ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားများ၌ တရားဝင်ထုတ်ဖော်ပြသခဲ့သောဒုံးကျည်ဖြစ်သည်။
အဆိုပါဒုံးကျည်သည် ပေါက်ကွဲအားအလွန်ပြင်းထန်သည့် ထိပ်ဖူးကိုသယ်နိုင်စွမ်းရှိကြောင်း၊ သယ်ဆောင်နိုင်သည့်ဝန်အားကိုလျှော့ချလိုက်ပါက မိုင်ပေါင်း ၁၈၆၄ မိုင်အထိရောက်ရှိနိုင်ကြောင်း၊ ထိုအကွာအဝေးသည် တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားနှင့်ပင်နှိုင်းယှဉ်နိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ထိုဒုံးကျည်သည် တောင်ကိုရီးယား၏ စွမ်းအားအပြင်းဆုံးဒုံးကျည်ဖြစ်ကြောင်းသိရသည်။

ဂရင်းလန်းကျွန်းကိစ္စကန့်ကွက်သည့် NATO အဖွဲ့ဝင်နိုင်ငံများကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမည်ဟု ထရမ့် ခြိမ်းခြောက်

ဂရင်းလန်းကျွန်းကိစ္စကန့်ကွက်သည့် NATO အဖွဲ့ဝင်နိုင်ငံများကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမည်ဟု ထရမ့် ခြိမ်းခြောက်
=================
ဇန် ၁၉

ထိုင်းတွင် ခရီးသည်တင် ရထားပေါ်သို့ ကရိန်းပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၃၂ ဦးသေဆုံး

ထိုင်းတွင် ခရီးသည်တင် ရထားပေါ်သို့ ကရိန်းပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၃၂ ဦးသေဆုံး
================
ဇန် ၁၆
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ နခွန်ရက်ချာစီမာပြည်နယ်တွင် ခုတ်မောင်းနေသော ခရီးသည်တင် ရထားပေါ်သို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းတစ်ခု ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၃၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရသည်။