လောက်ကိုင်ဒေသမှ စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူ ၆ဝဝ ကျော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီက နေရပ်ပြန်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ဘဏ္ဍာ ရေးမှူး ဦးစိုင်းခမ်းကော်က ပြောသည်။

လောက်ကိုင်ဒေသမှ စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူ ၆ဝဝ ကျော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီက နေရပ်ပြန်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ဘဏ္ဍာ ရေးမှူး ဦးစိုင်းခမ်းကော်က ပြောသည်။

* ယနေ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုအခြေအနေမှာ အကောင်းဘက်သို့ ရှေးရှုသောအခြေ အနေမဟုတ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ အရည်အချင်းပေါ်တွင်မူတည်။
* လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုအပေါ် တာဝန်ယူ တာဝန်ခံမှုမရှိဘဲ သူတစ်ပါးကို အပြစ်ဖို့ တာဝန်လွှဲချခြင်းသည် တာဝန် ကြီးကြီးမားမား ထမ်းဆောင်ရသူတို့ ပြုမူသင့်သော အပြုအမူမဟုတ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် မတ်လ (၇) ရက် နံနက် ၇ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံးကြီးမြို့သို့ဝင်ရောက်ပြီး ပအိုဝ့်တိုင်း ရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအား ချစ်ခင်ရင်းနှီး စွာ တွေ့ဆုံနှုတ်ဆက်ပြီးနောက် မွန်းတည့် ၁၂နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) မြသိန်းတန်ကျေးရွာရှိ မြသိန်းတန်ရွာဘုန်းကြီးကျောင်း၌ တောင်ခြေကျေးရွာအုပ်စု မြသိန်းတန်ရွာ ဘုန်းတော်ကြီးကျောင်းလူထုတွေ့ဆုံပွဲ ကျင်းပသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ရှမ်းပြည် နယ် တောင်ကြီးမြို့ရှိRoyal Taunggyi Hotel ၌ တောင်ကြီးမြို့ခံ ရပ်မိရပ်ဖ များနှင့် လူမှုရေးအသင်းအဖွဲ့များအား မတ်လ (၆) ရက် မွန်းလွဲ ၁ နာရီတွင် ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ကော်မတီဝင်၊ ပါတီဝင်များ တွေ့ဆုံပွဲကို မတ်လ (၆) ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
(၂-၃-၂၀၁၇) ရက်နေ့တွင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီဝင်ဦးခင်မောင်လွင် တို့သည် ကျိုင်းလပ်မြို့နယ်၊ ရပ်ကွက် (၂) ၀မ်နတ်ဘုန်းကြီးကျောင်းတွင် နှစ်ထပ်ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရာတွင် လိုအပ်သည့် ဘိလပ် မြေ၊ သံများဝယ်ယူရန် အလှူငွေ ကျပ် (၁၂) သိန်းကို သွားရောက်လှူဒါန်း ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဖေဖေါ်ဝါရီ(၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တောင်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတိဥက္ကဌ ဦးစိုင်းသန်းဝင်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် (၂၀၁၇)ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံး ရေးအဖြစ် ဖေဖေါ်ဝါရီ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် လုံပုရပ်ကွက် သို့လည်းကောင်း၊ ညပိုင်းတွင် ဟော်ကုန်း ရပ်ကွက်သို့လည်းကောင်း သွားရောက်၍ မဲဆန္ဒရှင် မိဘပြည်သူများနှင့် တွေ့ဆုံပြီး ကိုယ်စားလှယ်လောင်း များ၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲဆွယ်စည်းရုံးစကားပြော ကားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။