ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတာဝန်ခံမှ ဂျပန်ဦးဏှောက်ရောင် ရောဂါအကြောင်း ဆွေးနွေးပြောကြား

 

(၁၂-၁၀-၂၀၁၇) ရက်နေ့တွင် နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် နမ့်​ကတ်​​ကျေးရွာရှိ​ ဂေါ်ရခါး လူမျိုးများနှင့်​​တွေ့ဆုံ၍​ ကျောင်းသုံးစာအုပ်​များ လှူဒါန်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီအမျိုးသီးရေးရာတာဝန်ခံသည် အဆိုပါကျေးရွာရှိ အိမ်ထောင်​ရှင်​အမျိုးသမီးများနှင့်​​ တွေ့ဆုံပြီး၊ ဂျပန်​ဦး​ဏှောက်​​ရောင်​​ရောဂါအ​ကြောင်း​ ဆွေး​နွေး​ပြောကြားခဲ့ပါသည်။

၎င်း​ရောဂါကာနှင့်ပတ်သက်၍ ကွယ်​​ဆေးထိုးရန်​အတွက် (၉) လမှ (၁၅)နှစ်​က​လေးများ၏ စာရင်း​ကောက်​ယူခြင်းကို​ ဆောင်​ရွက်​ခဲ့ကြောင်း သိရှိရပါသည်။

မိုးမိတ်ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်အသစ်ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌဦးစိုးမြင့်၊ ခရိုင်ဘဏ္ဍာရေးမှူးများ မြို့ နယ်အတွင်းရေးမှူးနှင့်ကော်မတီဝင်များသည် လက်ခုတ်ပင်အုပ်စု ၊ရေပူအင်းရွာတွင် ကော်မတီဝင်အသစ်ဖွဲ့စည်း     နိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ပါသည်။

credit >>> ဦးစိုးမြ


မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ စေတနာရှင်လူငယ်အဖွဲ့အား ၀တ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စေတနာရှင်လူငယ်အဖွဲ့ဝတ်စုံပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ( ၉)ရက်နေ့က မြိ့နယ်ပါတီရုံးတွင်ကျင်းပပြုလုပ်ရာ  မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူးဦးမြင့်လှိုင် ၊ မြို့နယ်ပါတီဥက္ကဌဦးဇော်လွင် ၊မြို့နယ်ပါတီကော်မတီဝင်များ စေတနာရှင်လူငယ်(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

USDP Shan – North


သီ​ပေါတွင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ပ​ဒေသာပင်​ နှင့်​ အချိုရည်​များ လှူဒါန်း.

 

သီ​ပေါမြို့နယ်​လုံးဆိုင်​ရာ ၁၂၂ ကြိမ်​​မြောက်​ သံဃဒါန ဆွမ်း​တော်​ကြီး ​လောင်းလှူပွဲတွင်​ သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​မိသားစုများက (၆၀၆၀၆၀ိ)ကျပ်​ တန်​ဘိုးရှိ ပ​ဒေသာပင်​နှင့်​ ပွဲ​တော်​လာ ဧည့်​ပရိတ်​သတ်​များအား ပြည်​ခိုင်​ဖြိုးပါတီရုံး​ရှေ့တွင်​ အဟာရဒါနအချိုရည်​များ တိုက်​​ကျွေး ခဲ့ရာသို့ ပါတီဝင်​များ တက်​တက်​ကြွကြွ ပါဝင်​​ဆောင်​ရွက်​ခဲ့ကြပါသည်​ ။

crd;


မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂/၂၀၁၇ အခမဲ့အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသည့်၂/၂၀၁၇ အခမဲ့အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာလ ၉ ရက်နေ့က မြို့နယ်ပါတီရုံး တွင် ကျင်းပရာ အခမ်းအနားသို့ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးဇော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းမှူးများ၊ သင်တန်းဆရာမ     ဒေါ်သင်းသင်းလဲ့နှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့ ဆီမီးတစ်ထောင် လှူဒါန်းပူဇော်

 

သီတင်းကျွတ်လပြည့် နေ့ (အဘိဓမ္မာ အခါတော်နေ့  ) ည (၁၉.း ၀၀)နာရီ အချိန်တွင် တာချီလိတ်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ စုပေါင်းပြုလုပ်သည့် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်း
ကို တာချီလိတ်မြို့၊ ရွှေတိဂုံစေရင်ပြင်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည် ။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

 

( ၁ – ၁၀ – ၂၀၁၇ ) ရက်နေ့၊.နံနက် (၉)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်၊မကာဟိုခမ်းရပ်ကွက်မြို့နယ်ဓမ္မရုံတွင် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်ပိုများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တာချီလိတ်မြို့ပေါ်-ရပ်ကွက်မှ အဘိုး-အဘွား (၂၀၁)ဦးရှိသည့်အနက် (၉၂)ဦးတက်ရောက်ခဲ့ကြပါသည်၊ ယနေ့ဘိုးဘွားများအားစုပေါင်းကန်တော့ငွေနှင့် ပစ္စည်း တန်းဘိုးမှာ ကျပ်(၈၃)သိန်း၊(၇)သောင်းဖြစ်ကြောင်း ကျန်ဘိုးဘွားများကိုလည်း နေအိမ် အရောက်သွားရောက်ကန်တော့မှာဖြစ်ကြောင်းသိရပါသည်။

မိုင်းဆတ်မြို့ပြည်ခိုင်ဖြိုးပါတီမှ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် ဘိုး-ဘွား (၁၀၇)ဦးပူဇော်ကန်တော့ခြင်း

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်-မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ဘိုး-ဘွား(၁၀၇)ဦးအားစုပေါင်းကန်တော့ခြင်းအခမ်းအနားကို မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် (၁ – ၁၀-၂၀၁၇ )ရက်နေ့ ၊နံနက် (၀၇း၃၀ )တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခထ္ထိယ ၊ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များဖြစ်သည့်       ဦးစိုင်းသန်းဝင်း၊ဦးဒါဝိတ်တို့မှလှူဘွယ်ပစ္စည်းများနှင့်အတူတက်ရောက်အားပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ

ကျေးရွာအုပ်စုပါတီဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားကျင်းပ

 

မဘိမ်းမြို့နယ်ကုန်းမခံကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ကုန်းမခံကျေးရွာရှိ ဦးထွန်းလှိုင်၏နေအိမ်၌ကျင်းပရာ အခမ်းအနားသို့ မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူးဦးမြင့်လှိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးဇော်လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

မိုင်းတုံမြို့ပြည်ခိုင်ဖြိုးပါတီမှ ပါတီရှေ့လုပ်ငန်းစဉ်များဆောင်ရွက်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၂၇.၉.၂၀၁၇ )ရက်နေ့ အချိန်တွင် ရှမ်းပြည်နယ်ပါတီဥက္ကဌနှင့့် မိုင်းဆတ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်  လွှတ်တော်ကိုယ်စားလှယ်များသည် မိုင်းတုံမြို့နယ်ပါတီကော်မတီဝင်များအားတွေ့ဆုံပြီး ပါတီလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များအား ဆောင်ရွက်ရန် စည်းဝေးမှာကြားခဲ့ကြောင်း သိရ  သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ