ကွမ်းလုံ၊ မတ် လ ၆ ရက်
ကွမ်းလုံ၊ မတ် လ ၆ ရက်
(၂၇-၂-၂၀၁၈) ရက်နေ့ ညနေ(၃) နာရီအချိန် ကျောက်မဲမြို့ မိုးလုံလေလုံ အားကစားရုံ၌ နွေရာသီအားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော ၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ ခြင်းလုံး၊ လက်ဝှေ့၊ အားကစားသင်တန်းများဖွင့်ပွဲ ကျင်းပပြုလုပ်ပါသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ဇာမောင်သည် မြို့နယ်အား/ကာ၏ တာဝန်ပေးချက်အရ ဘောလုံးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။ သင်တန်းတွင် သင်တန်းသား (၁၉၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း ဘဏ္ဍာရေးမှူးဦးစိုင်းခမ်းကော် ပြည်နယ်ကော်မတီဝင်ဦးခင်မောင်ချိုတို့ပါဝင်သောပြည်နယ်အဖွဲ့သည်ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၈ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ကကျောက်မဲမြို့နယ်ပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်းမှအဖွင့်အမှာစကားပြောကြားခဲ့သည် ။
ဆက်လက်၍ပြည်နယ်လူငယ်ရေးရာတာဝန်ခံဦးစိုင်းခမ်းကော်မှပါတီလူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များကို ဆွေးနွေး ကျင်းပပြုလုပ်ခဲ့ပြီး ၂၅- ၂ – ၂၀၁၈ ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် နိုင်ငံရေးပါတီ ( ၂၁ ) ပါတီတွေ့ဆုံပွဲမှကောက်နုတ်ချက် ၇ ချက်ကိုဖတ်ကြားခဲ့သည် ။
(၂၅.၂.၂၀၁၈) ရက်နေ့ မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီခရိုင်/မြို့နယ်ကော်မတီအစည်းဝေးကျင်းပပြုလုပ်ရာ အရန်ပြည်နယ်ကော်တီဝင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးစိုင်းကျောက်၊ ဦးအားကို၊ခရိုင်ဥက္ကဋ္ဌ ဦးညွန်ဝင်း၊ မြို့ နယ်ဥက္ကဋ္ဌ ဦးစိုင်းရီတစ်၊ အတွင်ရေးမှူးနှင့် ကော်မတီဝင်များ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
Crd;
၂၂-၂-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့၊ ပါတီလူငယ်အဖွဲ့အင်အား (၄၀) ကျော်တို့ သည် မိုင်းကိုးကျေးရွာအုပ်စုသို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
နံနက် (၁၀) နာရီတွင် မိုင်းကိုးအုပ်စု၊ ရန်ရှင်း (၄)ေ ကျးစွာသို့ ရောက်ရှိပြီး ပါတီခေါင်းဆောင် ဦးကျအူ၊ ကျေးရွာသူကြီး ဦးအေးဖေနှင့် ပါတီအဖွဲ့ဖြင့် တွေ့ဆုံပြီး ကျေးရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာပေးထားသည့် ပါတီဝင်ကဒ် (၁၅၃) ကဒ်အား ပေးအပ်ပြီး ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ကျေးရွာမှ ပါတီအမျိုးသမီးအဖွဲ့ နှင့် ရပ်ကွက်ပါတီအမျိုးသမီးများ တွေ့ဆုံမိတ်ဆက်ပြီး ပါတီရှေ့လုပ်ငန်းစဉ်များညှိနှိုင်းခြင်းများေ ဆာင်ရွက်ခဲ့ပါသည်။
(၂၁.၂.၂၀၁၈)ရက်နေ့တွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ ခရိုင်းအတွက်ရေးမှူး ဦးချမ်းမြ၊ ကော်မတီဝင်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိုနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ
မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဦးစိုင်းမောင်မောင်ကျော် တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက မလှိုင်ကုန်းကျေးရွာအုပ်စု မလှိုင်ကုန်းကျေးရွာသို့ရောက်ရှိပြီး တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍် လယ်ကြီးကွင်းရှိရေသောက် ဧရိယာဧက ၅၄ဝ ရေရရှိ ရေးအတွက် ရေးသွင်းမြောင်းတူးဖော်ရေးကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီဥက္ကဌ ဦးစိုင်းခတ္ထိယနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပါတီရုံးဝန်ထမ်းများသည် (၁၈.၂.၂၀၁၈) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်အုပ်စု၊ ရေပူစမ်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့သောနေအိမ် ၃ အိမ်အား ထောက်ပံ့ကြေးအကူငွေများ သွားရောက်ပေးအပ်ခဲ့ကြကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊တာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့ (၁၆.၂.၂၀၁၈)နေ့တွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ ရပ် /ကျေးခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့များ တက်ရောက်ကြပြီး ခရိုင်ကော်မတီအဆင့် လစ်လပ်နေရာများအား အစားထိုးတာဝန်ပေးအပ်ခြင်း၊ မြို့နယ်ကော်မတီဝင်အဆင့် လစ်လပ်နေရာများအား အစားထိုးတာဝန်ပေးအပ်ခြင်း၊ ရပ်ကွက်/ကျေးရွာပါတီဥက္ကဌ တာဝန်ပေးအပ်ရန် ရွေးချယ်လျှာထား
ခြင်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည် ။
Crd;