ကော့မှူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးကော်မတီဆိုင်းဘုတ်စိုက်ထူ
ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၂ဝ၁၇ကြားဖြတ်ရွေးကောက် ပွဲဝင်ရန် အောင်နိုင်ရေးကော်မတီ ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက ကော့မှူးမြို့နယ်ပါတီရုံး ရှေ့တွင်စိုက်ထူခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးမှ ကွယ်လွန်သူ ဆရာဦးနေ၀င်းအား ထောက်ပံ့ငွေပေးအပ်လှူဒါန်း
ကွယ်လွန်သွားသည့်အငှားယာဉ်မောင်း မိသားစုအားထောက်ပံ့ငွေပေးအပ်
ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး နှင့်ကော်မတီဝင်များက ကွယ်လွန်သူ ဆရာဦးနေဝင်း (ခ) ဦးဝင်းလွင်မိသားစုသို့ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ်ငွေ ၁ဝ သိန်း အား ကျန်ရစ်သူမိသားစုသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပြီး အားပေးစကားပြောကြား ခဲ့ကြောင်းသိရသည်။
ကြည်ပြာ
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက လွတ်လပ်ရေးရပ်ကွက်တွင် တစ်လမ်းဝင်တစ်လမ်းထွက် ခြင်ဆေး မှုတ်ခြင်းကို အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေး၊ လူငယ်တာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဒေါ်စန်းကြည်၊ ဒေါ်အေးအေးမြင့်၊ ဦးစိုင်းနှင့် ရပ်ကွက်ပါတီခေါင်း ဆောင်ဦးမောင်စိန်တို့အပါအဝင်အင်အား၂ဝတို့နှင့်အတူ ခြင်းဆေး မှုတ်ခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)
ကော့မှူးမြို့နယ်ပါတီရုံးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ကော့မှူးပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်မြို့နယ် ကော်မတီအဖွဲ့အစည်းများ၊ မြို့နယ် အတွင်းပါတီဝင်များနှင့် စဉ်ဆက် မပြတ်ထိတွေ့မှုများ ပြုလုပ်လျက် ရှိရာ ယနေ့နံနက် ၈ နာရီတွင် ကော့မှူးမြို့နယ် ပါတီရုံးခန်းမ၌ မြို့နယ်ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကျေးရွာများသို့ကွင်းဆင်း
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီသည် မြို့နယ်အတွင်းကျေး ရွာများသို့ ပါတီဝင်များဖြင့်တွေ့ဆုံ လျက် ထိတွေ့မှုများစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီတွင် ကွမ်းခြံကုန်းမြို့နယ် သပြုစမ်းကျေးရွာ ကျေးရွာပါတီ ခေါင်းဆောင် ဦးမြင့်စိုး၏နေအိမ်၌ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီနှင့် ဖြိုးစေတနာ အခမဲ့နယ်လှည့်ဆေးကုသ
ရန်ကုန်တိုင်းဒေသကြီး ကြည့် မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် ဖြိုးစေတနာအခမဲ့နယ်လှည့် ဆေးကုသရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၈နာရီက ဘလုတ် ညွန့်ရပ်ကွက် ကန်သာအေးဘုန်း ကြီးကျောင်းတွင် ဒေသခံပြည်သူ များကို ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးမှ မီးဘေးသင့်သူများအား ထမင်းထုပ်နှင့်အလှူငွေများထောက်ပံ့
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ သိမ်ဖြူမီးရထားရပ် ကွက် မီးဘေးသင့်ပြည်သူ ၇၆ ဦး အပါအဝင် ဝိုင်းဝန်းကူညီ လုပ်အား ပေးသောNGO များ၊ ဌာနဆိုင်ရာ များအပါအဝင် စုစုပေါင်းဦးရေ ၁၃ဝ အတွက် ကြက်သားဟင်း၊ ငါးပိကြော်၊ တို့စရာများနှင့် ထမင်း ထုပ်များကို ဝေငှပေးခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ဖြိုးစေတနာနယ်လှည့်ဆေးကုသရေးအဖွဲ့ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် ဖြိုးစေတနာနယ်လှည့်ဆေး ကုသရေးအဖွဲ့သည် ခရိုင်စည်းရုံး ရေးနယ်မြေအတွင်းရှိ မြို့နယ်/ ရပ်ကွက်နှင့်ကျေးရွာများရှိ ဒေသခံ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်ပါတီကော်မတီများနှင့်ညှိနှိုင်း ချိတ်ဆက်၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆရာဝန် များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်း ကျင်သူများဖြင့် ကွင်းဆင်းဆောင် ရွက်လျက်ရှိသည်။
ဖြိုးစေတနာနယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့မှ သွားလာရခက်ခဲသော ကျေးရွာများအရောက်အခမဲ့ကွင်းဆင်းကုသပေး
ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မင်း ဦး ဆောင်မှုဖြင့်ကော့မှူးမြို့နယ်အတွင်း သွားလာရခက်ခဲသောကျေးရွာများ အရောက်သွားရောက်ကာ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီစောင့်ရှောက်ပေးလျက်ရှိ ကြောင်း သိရသည်။