လာမည့် ၂ဝ၁၇ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် အရည်အချင်းအစစ် အမှန်နှင့် ဂုဏ်သိက္ခာရှိရှိယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။
လာမည့် ၂ဝ၁၇ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် အရည်အချင်းအစစ် အမှန်နှင့် ဂုဏ်သိက္ခာရှိရှိယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။
ယနေ့  နေ့ လည် ၁ နာရီ ခန့် ၌ အမှတ် (၅၃၃) ခြေမြန်တပ်ရင်းမှ အရာရှိ/ စစ်သည် / ရဲမေများသည် (၇၂ ) နှစ်မြောက် တပ်မတော်နေ့  အထိမ်းအမှတ် အဖြစ် ကြံ့ခိုင်စွမ်းရည် စစ်ရေးပြ လက်နက်ကြီး လက်နက်ငယ်နှင့် ကိုယ်စီ တိုက်ပွဲ (ပစ်ခတ်စဉ်) ယှဉ်ပြိုင်မှုအတွက် လိုအပ်သောဆေးဝါးများကို ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဒေါက်တာခင်မောင်ထွန်း မိသားစု (ကိုယ် စား) မှ ထက်လင်း တိုင်းရင်း ဆေးဝါးများကို ထောက်ပံ့လှူဒါန်းရာ ဗိုလ်မှူး စိုးမိုးအောင်မှ လှူဒါန်းမှုကို လက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။
လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယနေ့
(၂၄.၃.၂၀၁၇) ရက် နံနက်ပိုင်းမှ စတင်ကာ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမှတ် (၇) ရပ်ကွက်အတွင်း ကွင်းဆင်း စည်းရုံးဆောင်ရွက်ခဲ့ပါသည်!
ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေး မှ (၂၃.၃.၂၀၁၇) ရက်နေ့ နေ့လည် (၂း၀၀) နာရီတွင် ကမာရွတ်မြို့နယ် အမှတ် (၆၊ ၇၊ ၈) ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများနှင့် လိုက်လံမိတ်ဆက၊် door to door ပန်းဖလက်များဝေရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦခင်မောင်အေး ၊ အနောက်ပိုင်းခရိုင် ပါတီဘဏ္ဏာရေးမှူးး ဦမိုးဝင်းကျော်၊ မြို့နယ်နယ်မြေခွဲတာဝန်ခံ ဦမျိုးမင်းသိန်း ၊ကမာရွတ်မြို့နယ် ပါတီဥက္ကဌ ဦးမျိုးအောင်၊ အတွင်းရေးမှူးးနှင့် မြိုနယ၊် ရပ်ကွက်ပါတီကော်မတီ ဝင်များ၊ ဗဟန်းပြည်ခိုင်ဖြိုးပါတီ မြို့နယ်၊ရပ်ကွက်ပါတီကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တောင်ပိုင်း ဇီးကုန်းကျေးရွာအုပ်စု သုံးခွရွာမှ မီးလောင်ကျွမ်းမှု ကြောင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသော မောင်ဖြိုးဝေအောင်မိသားစုအား ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဆေးကုသ စရိတ် ငွေကျပ်တစ်သိန်းကို ပါတီဗဟိုကော်မတီဝင် ဦးတင်ဝင်းနှင့် ဒေါ်သင်းသင်းမိုးတို့က ကလေးဆေးရုံတွင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိန်ဝင်း(YGN)
(၇၂)နှစ်မြောက်တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်ဘောလုံးပြိုင်ပွဲကို ဒဂုံ (တောင်)ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး ၍ ယမန်နေ့ ညနေ ၄ နာရီတွင် (၂၂)ရပ်ကွက် ဘောလုံးအားကစား ကွင်း၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက်ပါတီကော် မတီဝင်များနှင့်အားကစားအသင်း ကိုးသင်းမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် ပါတီလူငယ်ရေးရာတာဝန်ခံဦးဇော် မင်းထွန်းက အဖွင့်အမှာစကားနှင့် စည်းကမ်းချက်များကို ပြောကြားခဲ့ ပြီးမြို့နယ်ပါတီကော်မတီဝင်ဦးဌေး ဝင်းက ဘောလုံးကန်၍ဖွင့်လှစ်ပေး ခဲ့သည်။ဘောလုံးပွဲစဉ်များကိုနေ့စဉ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အသင်းကိုးသင်း ပတ်လည်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာ ရွတ်မြို့နယ်နှင့်ဗဟန်းမြို့နယ်ပါတီ ဝင်များသည် မတ်၂၃ရက် နံနက် က ကမာရွတ်မြို့နယ်အမှတ် ၆၊ ၇၊ ၈ ရပ်ကွက် သုံးရပ်ကွက်သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးခင်မောင်အေး၊ ရန်ကုန် အနောက်ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်၊ ခရိုင်ကော်မတီဝင် ဦးမျိုးမင်းသိန်း၊ ကမာရွတ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ဗဟန်း မြို့နယ်ဥက္ကဋ္ဌ ဦးကျော်စိုးတို့နှင့်အတူ မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ် တက်ဆင်း သွားရောက်၍ မဲဆွယ် စည်းရုံးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှိုင် သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးတင်ယုသည် မတ် ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ (၁၆)ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ်တက်ဆင်းသွားရောက်ကာ မိတ်ဆက်ဂါရဝပြု ခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားရပ်/ကျေးများတွင်လည်း အောင်နိုင် ရေးအဖွဲ့များက တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင် များကိုဖြန့်ဝေခြင်း၊ ဆန္ဒမဲပေးရန် နမူနာပုံစံကို လိုက်လံ ရှင်းလင်းပြသခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသ ကြီး ပါတီနာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။