ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးလှဝင်း၊ ဦးနိုင်ဝင်း၊ ဒေါ်အေးအေးမိုး၊ သတင်းမီဒီယာ ဦးဇော်သိန်းတို့သည် အစုကြီးကျေးရွာအုပ်စု သီတာအေး ကျေးရွာပါတီဥက္ကဋ္ဌ ဦးလှမင်း အိမ်ရှေ့တွင် ဆိုင်းဘုတ်အသစ်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ် ခဲ့ကြောင်း သိရသည်။