မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရုံးခြံသန့်ရှင်းရေးပြုလုပ်
၂၀၁၈ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသော အားဖြင့် စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးအဖွဲ့ဝင်များမှ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခြံသန့်ရှင်းရေးကို နေ့လည်(၁၄း၀၀)အချိန်တွင် စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းလုပ်အား ပေးခဲ့ကြသည်။
USDP(စစ်တွေ
မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများရှိ ပါတီအောင်လံသစ်လွှင့်တင်ခြင်းအခမ်းအနားကျင်းပ
၂၇.၆.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများတွင် ပါတီအောင်လံတော် အသစ်လွှင့်တင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပါတီဥက္ကဌ ဦးလှသာထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးမောင်လှဝေနှင့် ခရိုင်မြို့နယ် ပါတီကော်မတီများ၊ ရုံးဝန်ထမ်းအဖွဲ့များ တက်တက်ကြွကြွ ပါဝင်ဆင်နွဲခဲ့ကြပါသည်။
ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီရုံး၌ ပါတီအလံသစ်လွှင့်ထူ
၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ( ၈း ၃၀ ) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ခဲ့ပါကြသည်။
အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ ဘဏ္ဍာရေးမှူး ဦးမောင်ကျော်ဇံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်စိန်အောင်၊ ဦးစောမောင်သိန်း ၊ ဦးအောင်စံမြ ၊ ဦးထွန်းစံမောင် တို့နှင့်အတူ ပါတီရုံးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။
သံတွဲခရိုင်နှင့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အလံတင်အခမ်းအနားနှင့် အလေးပြုခြင်းအခမ်းအနားကျင်းပ
ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်သန်း၊ သံတွဲခရိုင်ဥက္ကဌ ဦးကျော်ဇင်၊ခရိုငိပါတီကော်မတီဝင် ဦးဝင်းသိန်းနှင့် ဦးသန်းစိုး၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များသည် ယနေ့နံနက် ၉ နာရီတွင် အလံတင်အခမ်းအနားနှင့် အလေးပြုခြင်းအခမ်းအနားကို သံတွဲခရိုင်နှင့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပါသည်။
ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပါတီအလံသစ် လွှင့်ထူ
၂၀၁၈ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လွှင့်ထူထားသော ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား လွှင့်ထူခဲ့ကြသည်။ အဆိုပါအလံသစ်တင်ပွဲသို့ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ဦးစန်းငွေ(လူငယ်တာဝန်ခံ)၊ စစ်တွေခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး၊ စစ်တွေမြို့နယ်အတွင်းရေးမှူး ဒေါ်အေးမာခင်နှင့် ပြည်နယ်ပါတီရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
Rakhine USDP
မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ်များဝင်ရောက်
၃၁.၅.၂၀၁၈ နေ့တွင် မာန်အောင်မြို့ မြို့သစ်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အသစ် စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်ကြည်နှင့် ကော်မတီဝင်များမှ ပါတီဆိုင်းဘုတ်သစ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။ ဆက်လက်၍ ပါတီဝင်သစ်(၃၀)ဦး၏ အဆိုပြုလွှာများကို ရပ်/ကျေးပါတီအဖွဲ့ဝင်ဒေါ်ခင်လှကြည်မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်ထံသို့ ပေးအပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ပါတီဝင်သစ်များအား ပါတီရင်ထိုးတံဆိပ်များတပ်ဆင်ခဲ့ကြသည်။
TM
စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာ၌ ကျေးရွာသူ/သား (၁၃၁) ဦး ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်
ခရိုင် / မြို့နယ် အမှုဆောင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
ပုဏ္ဏားကျွန်း၊ မေလ ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုဏ္ဏားကျွန်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေး၌ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း မှာအဖွင့်အမှာစကားပြောကြားရာ မြို့နယ်ပါတီကော်မတီ များ ယခုကဲ့သို့ စုံစုံညီညီ တက်ရောက်လာကြသည့်ကို ကျေးဇူးတင်ရှိကြောင်း ယခုအစည်းအဝေးပြုလုပ်ရခြင်း သည် ပြည်နယ် / ခရိုင် တို့မှ မြို့နယ်တွင်းရှိ ကျေးရွာများ၌ ရွာလုံးကျွတ် ပါတီဝင်ကဒ် ထုတ်ပေးနိုင်ရေးအတွက် ရရှိနိုင်မည့် ကျေးရွာအခြေအနေများအား သိရှိနိုင်ရေးကိစ္စများနှင့် ရှင်းလင်းပြောကြားခဲ့သည်။
တောင်ကုတ်မြို့နယ် ကမ်းဒေကျေးရွာမှ ကျေးရွာသားတစ်ရာကျော် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်
တောင်ကုတ်၊ မေ ၂၄
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ကမ်းဒေကျေးရွာမှ ကျေးရွာသား ၁၀၃ ဦးမှာ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက် လာကြရာ အဆိုပါကျေးရွာ မိုးကုတ်ဝိပဿနာကျောင်း ဓမ္မာရုံအတွင်း ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပါတီဝင် စုပေါင်းအဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။