ဇွန်(၁၈)၊ ၂၀၁၉
ဇွန်(၁၈)၊ ၂၀၁၉
သဲတွဲ ဇွန် ၁၂
သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၁၂.၆.၂၀၁၉ ) ရက်နေ့ နံနက် (၁း၀၀) အချိန်တွင် ငပလီမြို့ အထက (ခွဲ) လင်းသာကျောင်းရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ ၃၇ ဦးအတွက် အင်္ဂလိပ်စာ သင်ထောက်ကူ လေ့ကျင့်ခန်းစာအုပ် ၄၄ အုပ် တန်ဖိုးငွေ (၇၀၀၀၀ိ/-) ကျပ်ဖိုးအား ပြည်ခိုင်ဖြိုးပါတီ ခရိုင်အရံကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်မူနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ်ပါတီ ဝင်များ သွားရောက်၍ ပေးအပ်လှူဒါန်း ခဲ့သည်။
သံတွဲ ဇွန်၅
သံတွဲပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နေ့လည် (၂း၀၀) အချိန်တွင် အ.ထ.က (၂)ကျောင်း ခြံဝန်းအတွင်းရှိ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ သန့်ရှင်းရေးများကို သွားရောက်၍ ပြုလုပ်ခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံတွဲခရိုင် အရံကော်မတီဝင် ဒေါ်ခင်မူ၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်၊ အရံ ကော်မတီဝင် ဦးအောင်မျိုးဦး၊ ဒေါ်စန်းစန်းမြင့်နှင့် လူငယ်ပါတီဝင်များ အမျိုးသမီးရေးရာ ပါတီဝင်များ သွားရောက် ကုသိုလ်ပြု လုပ်ခဲ့ကြပါသည်။
ဇွန် ၅
သံတွဲပြည်ခိုင်ဖြိုးပါတီမှ ယနေ့ နံနက် (၈း၀၀) အချိန်တွင် ရေးရှားပါးသော ကျေးရွာအုပ်စုများသို့ သောက်သုံးရေ များ သွားရောက်လှူ ဒါန်းခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲသို့ သံတွဲခရိုင် ဘဏ္ဍာရေးမှူး ဦးဝင်းသိန်း၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်၊ အရံကော်မတီဝင် ဦးအောင်မျိုးဦး၊ ဒေါ်စန်းစန်းတင်၊ ဒေါ်စန်းစန်းမြင့်နှင့် လူငယ်ပါတီဝင်များ အမျိုးသမီးရေးရာ ပါတီဝင်များသည် ပဒဲကောကျေးရွာအုပ်စုနှင့် လက်ပံစု ကျေးရွာအုပ်စုများသို့ သွားရောက်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြသည်။
စစ်တွေ၊ ဇွန် ၃
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှာ သောက်သုံးရေး ရှားပါးမှုနှင့် ကြုံတွေ့နေရသဖြင့် ရွာသား များ၏ တောင်းဆိုချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံတွဲခရိုင်နှင့် မြို့နယ်ပါတီပူးပေါင်းပြီး သောက်သုံးရေများ သွားရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
သံတွဲ မေ ၂၈
သံတွဲမြို့နယ် တုံးတောကျေးရွာအုပ်စု ပန်းတောကျေးရွာတွင် ကျင်ပပြုလုပ်သော မိုးရာသီအကြို ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၄း၀၀) အချိန်တွင် ပြုလုပ်ခဲ့သည်။
သံတွဲ မေ ၂၈
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာ အုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲကို သံတွဲမြို့နယ် အလယ်ရွာကျေးရွာအုပ်စုနှင့် ကျွန်းပေါက်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့ နံနက်(၇:၀၀)နာရီမှ (၁၀:၀၀)နာရီထိ ကျင်းပပြုလုပ် ခဲ့သည်။
စစ်တွေ၊ မေ ၂၁
သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသော စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှ ပြည်သူများ ရေရှိရေးအတွက် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဘိုသံဒိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်ရေးရာအဖွဲ့ဝင်များ၊ ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ဆတ်ရိုးကျရပ်ကွက် (အကွက်၂) မှ ပြည်သူများထံသို့ သောက်သုံးရေ ဂါလံ ၁၆၀၀ ဆံ့မီးသတ်ကား နှစ်စီးဖြင့် သွားရောက်လှူဒါန်း ခဲ့ကြသည်။
တောင်ကုတ်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမှ ယနေ့၂၄.၄.၂၀၁၉ရက်နေ့နံနက်၇နာရီအချိန်တွင် ပန်းတင်းကျွန်းဇုံ၊ အရှေ့ဘက်ကျေးရွာအုပ်စုရှိကျေးရွာ(၈)ရွာအနက်မှကံပြိုင်၊ပိန္နဲကိုင်းနှင့်င/မုန်တိုင်းကျေးရွာများသို့ပါတီဝင်စီစစ်ခြင်းနှင့်၂၀၂၀ပါတီအောင်နိုင်ရေး၊၂၀၀၈.ခြေ/ဥကိစ္စရပ်များကိုမြိ့နယ်ပါတီဥက္ကဌဦးကျော်သီးကရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းလုပ်ငန်းစဉ်များလုပ်ဆောင်ရန်အတွက်ပါတီဥက္ကဌနှင့်အတူပါတီဘဏ္ဍာရေးမှူးဦးကျော်ခန့်၊မြို့နယ်ကော်မတီဝင်ဇုံတာဝန်ခံဦးကျော်ဇင်နှင့်သတင်းတာဝန်ခံဦးဇော်ကြီးတို့လိုက်ပါခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင်ကျန်ရှိနေသည့်ကျန်ကျေးရွာများဖြစ်သည့်မကျည်းကျေးရွာ၊ငမောက်ချောင်း၊အလယ်တန်း။ကံဆိပ်တောင်/မြောက်၊ငကာကိုင်း၊အမော်ကျေးရွာများသို့ဆက်လက်ပြီးပါတီလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
Arakha Development News / Rakhine USDP
ဧပြီ ၂၂
(၂၂.၄.၂၀၁၉) ရက်နေ့ နံနက် ၇း၀၀ အချိန်တွင် သံတွဲုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်(မြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်း မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့်ကော်မတီဝင်များ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင်များသည် ရွှေကျောင်းပြင်ကျေးရွာအုပ်စုနှင့် လက်ပံစုကျေးရွာအုပ်စုရှိ ရပ်/ကျေးပါတီဥက္ကဌများ နေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင် အခမ်းအနားကို ကျင်းပပြုလုပ်သည်။