ယမန်နှစ်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်ရှိ မဲဆန္ဒနယ်အနည်းစုတွင်သာ အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဝင်များနှင့် ပါတီကော်မတီများ ကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသည်။
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မတီများကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး မြို့နယ်ကော်မတီ များကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းရန် ယခုလအတွင်း ကော်မတီဝင် ရွေးချယ်ပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီရခိုင်ပြည်နယ် အတွင်းရေးမှူးဒေါက်တာစန်းရွှေက ပြောသည်။
”ရခိုင်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီကို ပြုပြင်ပြောင်းလဲမှုတွေလုပ် နေပါတယ်။ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်စတဲ့ကော်မတီအဆင့်ဆင့်ကို ပြန် လည်ရွေးချယ်ပြီးဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အခုတော့ ရပ်ကျေးကော် မတီဝင်တွေကို ရွေးချယ်ပြီးသွားပါပြီ။ ဒီလအတွင်းမှာတော့ မြို့နယ်အဆင့် ကော်မတီဝင်ရွေးချယ်ပွဲတွေ လုပ်ပါမယ်”ဟု ၄င်းကပြောသည်။ အသစ် ပြန်လည်ဖွဲ့စည်းမည့်ကော်မတီများအတွက် ကော်မတီဝင်များ ရွေးချယ်ရာတွင် သင့်တော်မည့် လူပုဂ္ဂိုလ်များကို အဆိုပြုပြီး ကော်မတီဝင်ရွေးချယ်ရေးအဖွဲ့က မဲစနစ်ဖြင့်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်