သံတွဲပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မူလတန်းကျောင်းသို့ ဗလာစာအုပ်များ လှူဒါန်း

Thantwe6

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ဇွန်လ (၂၅) ရက် နံနက် (၁၀) နာရီအချိန်က မဲနယ်ကွင်းကျေးရွာအုပ်စု ဇွန်ကျေးရွာ မူလတန်းလွန်ကျောင်း ဖွင့်ပွဲအခမ်းနားသို့ တက်ရောက်၍ ကျောင်းသား/သူများအတွက် ဗလာစာအုပ် ဒါဇင်(၃၀)နှင့် ဆရာ/မများအတွက် လုံချည်များ လှူဒါန်းကာ ဥက္ကဋ္ဌမှ အမှာစကား ပြောကြားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီကော်မတီ အဆင့်ဆင့်ကိုပြီးစီးအောင် ပြန်လည်ဖွဲ့စည်းမည်

ယမန်နှစ်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်ရှိ မဲဆန္ဒနယ်အနည်းစုတွင်သာအနိုင်ရရှိခဲ့သည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကော်မတီများကိုအဆင့် ဆင့်ပြန်လည်ဖွဲ့စည်းလျက်ရှိပြီး သြဂုတ်လတွင် ပြီးစီးမည်ဖြစ် ကြောင်း သိရသည်။

အသစ်ပြန်လည်ဖွဲ့စည်းမည့် ကော်မတီများအတွက် ကော်မတီ ဝင်များကိုရွေးချယ်ရာတွင် သင့်လျော်မည့် လူပုဂ္ဂိုလ်များကို အဆို ပြုပြီး ကော်မတီဝင်ရွေးချယ်ရေးအဖွဲ့က မဲစနစ်ဖြင့်ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၃) ရက်နေ့ နံနက် (၈) နာရီ အချိန်က လောကထိပ်ပန် ဆုတောင်းပြည့် ဘုရား ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးသန်းထွန်း (အဖွဲ့ခေါင်းဆောင်) နှင့် အဖွဲ့ဝင် (၃)ဦး နှင့် မြို့မိမြို့ဖ ဦးသာစိန်မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

သံတွဲပြည်ခိုင်ဖြိုး အမကကျောင်းများသို့ သွားရောက်လှူဒါန်းမှုပြု

Thantwe1

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များသည် ၂၀၁၅ ရွေကောက်ပွဲတွင် အနိုင် ရရှိခဲ့သော တောင်ညိုကျေးရွာအုပ်စုရှိ အမကကျောင်း နှစ်ကျောင်း၊ ခရမ်းမော်ကျေးရွာအုပ်စုရှိ အမကကျောင်းနှစ်ကျောင်း၊ ပြည့်ဝအုပ်စုရှိ အမကကျောင်း တစ်ကျောင်းမှ ဆရာဆရာမများအတွက် လုံချည်နှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၁၀၀) နှင့် KG တန်းအတွက် သွားတိုက်ဆေးနှင့် သွားတိုက်တံအစုံ (၅၀) သွားရောက်၍ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်တွေခရိုင်ပြည်ခိုင်ဖြိုး စာသင်ကျောင်းသားများအတွက် မီးစက်လှူဒါန်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇွန်လ (၁၈) ရက် နေ့လည် (၁) နာရီအချိန်က စစ်တွေမြို့ ရွာသာယာကျေးရွာ ရှိ ဦးကေသာရကျောင်းတိုက်၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား (၄၂) ဦး စာဖတ်ချိန်များတွင် မီးအခက်အခဲမရှိစေရေးအတွက် ငွေကျပ် ၂၁၀၀၀၀ တန်ဖိုးရှိ မီးစက်တစ်လုံး သွားရောက်လှူဒါန်းခဲ့ကြသည်။

သံတွဲပြည်ခိုင်ဖြိုး သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် မဟာဗောဓိစာသင်တိုက်၌ ပဉ္စမအကြိမ်မြောက် သက်တော်ကြီးသော ဆရာတော်များအား တပည့်ဆရာတော် သံဃာတော် များနှင့် ဒါယိကာ ဒါယိကာမများမှ စုပေါင်း၍ အာစရိယဂုဏပုဇော်ပွဲကို ဇွန်လ (၂၀) ရက် နေ့လည် (၁) နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြု လုပ်ရာ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ပါတီဝင်များ တက်ရောက်၍ လှူဖွယ်ဝတ္တု များဆက်ကပ်ခြင်း၊ ဝေယျာဝစ္စများပြုလုပ်၍ လုပ်အားဒါန ပေးလှူခဲ့ကြ ကြောင်း သိရသည်။

မြောက်ဦးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး ကို ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၁) နာရီက မြောက်ဦးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေ (မြောက်ဦးမြို့နယ် မျက်နှာစုံညီ အစည်းအဝေး ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်) မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Myauk Oo1

(more…)


သံတွဲခရိုင်နှင့် မြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေးအတွက် တွေ့ဆုံမှာကြား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ယနေ့ (ဇွန်လ ၁၅ ရက်) နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေမှ သံတွဲခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ မြို့နယ်နှင့် ခရိုင်ပါတီ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရန် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သံတွဲခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးရဲ့ အလှူဒါန

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ အလှူရှင်များ စုပေါင်း၍ ဒုတိယအကြိမ် လှူဒါန်းမှုအဖြစ် ဇွန်လ (၁၄) ရက် နေ့လည် (၃) နာရီအချိန်က ရေကောက် ကျေးရွာအုပ်စု ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာသို့ သွားရောက်၍ အဝတ်အထည်၊ ဆားအိတ်များနှင့် မုန့်ခြောက် ကျပ် (၃) သိန်းဖိုးအား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

Taung Goat4

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၃) ရက်နေ့က မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးထွန်းဝေ၊ သံတွဲခရိုင် ပါတီ ဥက္ကဋ္ဌ ဦးဖိုးရီအောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ကိုယ်စားလှယ်များ စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့ကြသည်။ (more…)