မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်နှင့်အဖွဲ့ ပုသိမ်းကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာသို့ ကွင်းဆင်း

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ဥက္ကဌ ဦးဘိုသင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့များသည် (၁၉.၆.၂၀၁၈) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာသို့ ကွင်းဆင်းကာ ပါတီအမှုဆောင်အဖွဲ့နှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။


မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ မန္တလေးတွင်တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့တွေ့ဆုံပွဲအား မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ယနေ့ နံနက် ၁ဝနာရီမှ မွန်းလွဲ ၃နာရီခွဲအထိ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ၏ အနယ်နယ်အရပ်ရပ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်အချင်းချင်း ချစ်ခင်စည်းလုံးမှုရရှိစေရန်၊ မိမိတို့ နေထိုင်ရာဒေသများမှ အတွေ့အကြုံများအား အမြင်ချင်းနှီးနှောဖလှယ် နိုင်စေရန်၊ အနာဂတ်ကာလ ပြည်ခိုင်ဖြိုးပါတီ၏ လူသွေးသစ်များအား ပါတီ၏ဦးဆောင်ကဏ္ဍတွင် ပါဝင်လာနိုင်စေရန် အစရှိသော ရည်ရွယ် ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

 

၁၀.၆.၂၀၁၈ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် မြို့သာအုပ်စုတွင် ညနေ့ (2) နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မြင်ခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူနှင့် မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်နှင့် ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များနှင်အတူ မြို့သာကျေးရွာ ရပ်/ကျေးပါတီဥက္ကဌနှင့်ပါတီဝင် များသည် မြို့သာအရှေ့ရွာ ဦးစိန်ထွန်းနေအိမ်ရှေ့တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။


မြင်းခြံပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများအား အာဟာရဒါနနှင့်စာရေးကိရိယာလှူဒါန်း

 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လေးအိမ်တန်း ကျေးရွာရှိ ရွှေညောင်ပင်ကျောင်းတိုက်တွင်ဖွင့်လှစ် သင်ကြားလျက်ရှိသော ဓမ္မစကူးလ်ကျောင်းသို့သွားရောက်၍ မူလတန်းသင်တန်းသား ၂၃ဝ တို့အား အာဟာရဒါနအဖြစ် ရေခဲမုန့်၊ စာရေးကိရိယာများ ယနေ့တွင် လှူဒါန်းကျွေးမွေးခဲ့ကြသည်။ ၄င်းနောက် လေးအိမ်တန်းကျေးရွာပါတီဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် ပါတီဆိုင်းဘုတ်စိုက်ထူခဲ့ကြသည်။

ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူနှင့် မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ရပ်ကွက်/ကျေးရွာများမှပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး ​ညောင်​ဦးမြို့နယ်​ လက်​ဝဲရြွာ ပည်​သူလူထုနှင့်​​တွေ့ဆုံ

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးသည်​ (၈.၆.၂၀၁၈) ရက်​​နေ့ နံနက် ​(၀၉း၃၀) အချိန်​တွင်​ ​ညောင်​ဦးမြို့နယ်​၊ တူရွင်းတိုင်​အုပ်​စု၊ လက်​ဝဲရွာ​၌ လက်​ဝဲရွာ၊ ဖိုးနီကန်​ရွာ၊ ​ညောင်​တိုရွာ၊ ကံနီ​ကောက်​ရွာ၊ ​ကျောက်​ကန်​ရွာ၊ ​တောင်​ပုံဝရွာ၊ မကျီးတန်းရွာ၊ တူရွင်းတိုင်​ရွာတို့မှ ပြည်​သူလူထုအင်​အား (၁၅၀)​ကျော်​ခန့်​နှင့်​ ​တွေ့ဆုံခဲ့ပါသည်​။ အဆိုပါအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီဝင်​ ဦးသန်း​ဌေးနှင့် ​ဦး​ကျော်​စန်း၊ ​ညောင်​ဦးခရိုင်​ပါတီဥက္ကဌ ဦးညွန့်​ဝင်းနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ ​ညောင်​ဦးမြို့နယ်​ပါတီဥက္ကဌ ​ဦးအောင်​​ဌေးနှင့် ​ကော်​မတီဝင်​များ၊ ​ကျောက်​ပန်း​တောင်းမြို့နယ်​ပါတီဥက္ကဌ ဦးဝင်းမြင့်နှင့် ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့်ဇနီးတို့မှ တုရွင်းတိုင်​အုပ်​စု၊ လက်​ဝဲရွာ​တောရ​ကျောင်း ဓမ္မာရုံတည်​​ဆောက်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၃၀) လှူဒါန်း

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇ​နီး​ဒေါ်ခင်​မျိုး​ဌေးတို့သည်​ (၈.၆.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၈း၃၀) အချိန်တွင် တုရွင်းတိုင်​အုပ်​စု၊ လက်​ဝဲရွာ​တောရ​ကျောင်းဆရာ​တော်​ ဘဒ္ဒန္တနန္ဒအရှင်​သူမြတ်​အား ဖူး​မျှော်​ကန်​​တော့ပြီး ဓမ္မာရုံတည်​​ဆောက်​ရန်​အတွက်​အလှူ​ငွေကျပ်​သိန်း (၃၀) နှင့် လှူဖွယ်​ပစ္စည်းများဆက်​ကပ်​လှူဒါန်းခဲ့ပါသည်​။ အဆိုပါအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီဝင်​ ဦးသန်း​ဌေးနှင့်​ဦး​ကျော်​စန်း၊ ​ညောင်​ဦးခရိုင်​/မြို့နယ်​ ​ပါတီဥက္ကဌနှင့်​​ကော်​မတီအဖွဲ့များ၊ ​ကျောက်​ပန်း​တောင်းမြို့နယ်​ပါတီဥက္ကဌနှင့် ကော်​မတီအဖွဲ့များ တက်​​ရောက်​ခဲ့ကြပါသည်​။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ပါတီနှစ်စဉ်ကြေး ပထမအကြိမ်စုပေါင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

မန္တလေး ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ ခုနှစ်အတွက် ပါတီနှစ်စဉ်ကြေး ပထမအကြိမ် စုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီများ လစဉ်ပုံမှန်အစည်းအဝေး အမှတ်စဉ်(၄/၂ဝ၁၈)ကျင်းပခြင်း အခမ်းအနားတို့ကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇနီးတို့မှ ​ရှေး​ဟောင်းဘုရား​ကျောင်း​ဆောင်​ပြုပြင်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၂၀) လှူဒါန်း

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇနီး​ ​ဒေါ်ခင်​မျိုး​ဌေးတို့ သည်​ (၇.၆.၂၀၁၈) ရက်​​နေ့ နံနက် ​(၁၀း၃၀) အချိန်​တွင်​ တာပါယ်​​ကျေးရွာအုပ်​စု၊ သဲ​တောကန်​​ရွာဦးကျောင်းသို့ သွား​ရောက်​ပြီး ​ကျောင်းထိုင်​ဆရာ​တော်​ ဦးကုသလအား ဖူး​မျှော်​ကန်​​တော့ကာ ​ရှေး​ဟောင်းဘုရား​ကျောင်း​ဆောင်​ပြုပြင်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၂၀) နှင့် လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​လှူဒါန်းခဲ့ပါသည်​။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​ ​​တောင်​သာမြို့နယ်​၊ ရုံးစင်​ကြီးရွာ၌ပြုလုပ်​​သော ပါတီအဆိုပြုလွှာ (၄၀၅) ဦးစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနား တက်​​ရောက်​အား​ပေးချီးမြှင့့်

 

(၅.၆.၂၀၁၈) ရက်​​နေ့ ​နေ့လည်​ (၂) နာရီအချိန်​တွင်​ ​​​တောင်​သာမြို့နယ်​၊ ရုံးစင်​ကြီးရွာ၌ ပါတီအဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​​​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊​​ မြင်းခြံပါတီဥက္ကဌ ဦး​​ကျော်​တင်​နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊​​ တောင်​သာမြို့နယ်​ပါတီအတွင်း​ရေးမှူး ဦး​သန်း​ဇော်​ဦးနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ပါတီဝင်​များ၊ ပါတီဝင်​သစ်​များအပါအဝင်​ စုစု​ပေါင်း အင်​အား(၅၀၀)​ဦးတက်​​ရောက်​ခဲ့​ကြောင်းသိရသည်​။