မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစ်လပ်သွားသော ကော်မတီဝင်နေရာများ အစားထိုးရွေးချယ်ပွဲကို ၃၀.၈.၂၀၁၇ ရက်နေ့ မွန်းလွဲ ၁း၀၀နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းပါတီကော်မတီ ဘဏ္ဍာရေးမှူး အဖွဲ့ခေါင်းဆောင် ဦးကြည်ထွန်း၊သရက်ခရိုင်ပါတီ ကော်မတီဥက္ကဌ ဦးဝင်းကျော်၊ သရက်ခရိုင် မီဒီယာတာဝန်ခံဦးခိုင်ဇော်တို့ တက်ရောက်ပြီး အခမ်းအနားကို ၁၃း၄၅နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။