မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း ၀၀ နာရီအချိန်​တွင်​ တိုင်းပါတီအစည်းအ​ဝေးခန်းမ၌ြ ပုလုပ်​ခဲ့ရာ ဗဟိုအလုပ်​အမှု​ဆောင်​၊ တိုင်း​ဒေသ‌ကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်းအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်းဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်းနှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​​ဆွေး​နွေး ညှိနှိုင်း​ဆောင်​ရွက်
‌လျက်​ ရှိပါသည်​ ။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်နှင့် မြို့နယ်ပါတီက နွေရာသီသင်တန်းများ ဖွင့်လှစ်

 

၂၄ မတ်၂၀၁၈

ဂန့်ဂေါခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ၍ လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက် အဆင့်သင်ပြင်နိုင်ရေး ရည်ရွယ်လျက် ကွန်းပျူတာအခြေခံသင်တန်း၊ အင်္ဂလိပ်စာ ဂရမ်မာ သင်တန်းနှင့် မိုဘိုင်းဖုန်းပြုပြင်ခြင်း အခြေခံသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ပြီး၊ သင်တန်းနည်းများ အနေဖြင့် ပညာဒါန အခမဲ့ ကူညီဆောင်ကြခြင်း ဖြစ်ပါသည်။ သင်တန်းကာလ တစ်လ ကြာမြင့်မည်ဖြစ်သည်။

မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့်လေ့လာရေးခရီစဉ်

 

၂၀ – ၃ – ၂၀၁၈ ရက်နေ့ မင်းဘူးခရိုင် ပါတီဝင်လူငယ်ကေဒါများ တွေ့ဆုံပွဲကို မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပပြုလုပ်ပြီးနောက် ယမန်နေ့ ၂၁- ၃ – ၂၀၁၈ ရက်နေ့တွင် လေ့လာရေးခရီးစဉ်အဖြစ် ရွှေစက်တော်ဘုရားသို့ ၅ မြို့နယ် လူငယ်များ သွားရောက်ဖူးမျှော်ကြည်ညိုကန်တော့ခဲ့ကြပါသည်။
ထိုမှအပြန်လမ်းတွင် မင်းဘူး ( စကု) မြို့နယ် သံပုရာကိုင်းကျေးရွာမှ သက်ကြီးအဖိုးအဖွား (၁၀ ) ဦးနှင့် ဥယျာဉ်ကျေးရွာမှ သက်ကြီး အဖိုးအဖွား (၁၀ ) ဦးတို့အား ငဖဲမြို့နယ် လူငယ်ကေဒါများနှင့် စေတုတ္တရာ လူငယ်ကေဒါများ (၂) မြို့နယ်စုပေါင်း၍ သက်ကြီးပူဇော်ခြင်း ကုသိုလ်ကောင်းမှုကို ဆောင်ရွက်ခဲ့ကြပါသည်။

မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေးရာအလိုက် ပါတီတာဝန်များ ပေးအပ်ပွဲကျင်းပ

 

၂၁ မတ်၂၀၁၈

မြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးနယ်မြေ အမှတ် ၂ အတွင်းရှိ ကျေးရွာအုပ်စုအတွင်း ရေးရာအလိုက်ကော်မတီများအား တာဝန်ပေးအပ်ပွဲကို ၂၀၁၈ မတ်လ ၂၁ ရက်နေ့တွင် ရွာတန်းရှည်အုပ်စု ဇီးတောတိုက်ကျေးရွာ၌ ကျင်းပရာ မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ဦးသော်ဇင်ဦး၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်ကော်မတီဝင် ဦးစိန်မြင့်၊ ဦးစောဝင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်နှင့် အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ကော်မတီဝင်များ စုစုပေါင်းအင်အား ၇၅၀ ဦးခန့် တက်ရောက်ကြပြီး အစည်းအဝေးကို ၂ နာရီမှစတင်ပြီး ၄ နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည် ။

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်လူငယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်

 

မင်းဘူး မတ် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်လူငယ်တွေဆုံပွဲအခမ်းအနားကို မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက်ဆယ်နာရီတိတိအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာခမ်းအနားတွင် ခရိုင်အတွင်းငါးမြို့နယ်လူငယ်များမှ နိုင်ငံတော်သီချင်းသီဆိုခြင်းပါတီသဓိဌာန်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။ထို့နောက်မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး တိုင်းအတွင်းရေးမှူးဦးဆန်းညွန့်အောင်တိုင်းပါတီကော်မတီဝင် ဦးဟန်မောင် မကွေးတိုင်းဒေသကြီးလူငယ်တာဝန်ခံဦးကျော်သူဦး တိုင်းပါတီကော်မတီဝင်ဦးအောင်နိုင် နှင့် မင်းဘူးခရိုင်ပါတီကော်မတီဝင်များ မင်းဘူးမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များ ပွင့်ဖြူမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များ ငဖဲမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များစေတုတ္တရာမြို့နယ်ဥက္ကဌနှင့်ပါတီကော်မတီဝင်များ စလင်းမြို့နယ်ဥက္ကဌနှင့်ပါတီကော်မတီဝင်များ မင်းဘူးခရိုင်အတွင်းရှိငါးမြို့နယ်မှ လူငယ်ကေဒါများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

၁၆.၃.၂၀၁၈ – သောကြာနေ့
ဝက္ကသေးကျေးရွာစုရပ်

ဂန့်ဂေါခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းဝေးပြုလုပ်

 

ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ၁၈.၃.၂၀၁၈ ရက်နေ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဂန့်ဂေါခရိုင်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းပါတီကော်မတီဝင် ဂန့်ဂေါခရိုင် တာဝန်ခံ ဦးဝင်းမြင့်မောင် တက်ရောက်ပြီး အစည်းအဝေးတွင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း ၊ ဆောမြို့နယ်များမှ ခရိုင်ကော်မတီဝင်များ၏ တင်ပြချက်များအား ပွင့်လင်းစွာဆွေးနွေးကြပါသည်။
ယခုနှစ်နွေရာသီတွင် ခရိုင်ပါတီမှ ကြီးမှူးကျင်းပမည့် အခြေခံကွန်ပျူတာသင်တန်း ၊ English Grammar သင်တန်း၊ နှင့်Mobile Software & Hardware သင်တန်းများနှင့်ပတ်သက်၍ ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးအောင်စိုးမင်းမှ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆောင်စွမ်းအားလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၂) ကို သင်တန်းဖွင့်လှစ်

 

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆောင်စွမ်းအားလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၂) ကို သင်တန်းဖွင့်လှစ်ခြင်းကို ၁၈.၃. ၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပခဲ့ပါသည်။
သင်တန်းကို နာရီ ၄၀ သက်မှတ်ခြင်း၊ ပညာဒါန(သင်တန်းကြေးပေးသွင်းရန်မလို)၊ အခြေခံပညာအထက်တန်းအဆင့်ရှိရမည်၊ သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်၊ သင်တန်းသားကန့်သက်ချက် (၄၀) ဦးသာ လက်ခံမည်၊ နယ်ဝေးမှ တက်ရောက်မည့်သူများ နေရာစီစဉ်ပေးမည်။

ချောက်ပြည်ခိုင်ဖြိုး အိုးဘိုမီးဘေးသင့် ပြည်သူများအား ဆန်နှင့်ငွေလှူဒါန်း

 

ချောက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်၊ မြို့နယ်ကော်မတီဝင်များ၊ စည်းမှူးများမှ မကွေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော တစ်အိမ်ထောင် လျှင် ဆန်ရှစ်ပြည်နှင့် ဆန်ပြည် ၁၆ဝ၊ ချောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ကျပ် နှစ်သိန်းတို့ကို ဆားလယ်ကျေးရွာအုပ်စု အိုးဘိုရွာ မီးဘေးသင့် အိမ်ထောင်စု ၂ဝ အား မတ် ၁၈ ရက်တွင် ဒုတိယအကြိမ်မြောက် သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။