တောင်တွင်းကြီး၊ မေ ၂၇
တောင်တွင်းကြီးမြို့နယ် အင်ကုန်းကျေးရွာအုပ်စု ရွှေအင်ပင်ကျေးရွာမှ ပြည်သူ ၁၅၇ ဦး သည် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာသည့်အတွက် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲကို ၂၇.၅.၂၀၁၈ ရက် နေ့လည် ၁ နာရီခွဲတွင် ၄င်းကျေးရွာ၌ ကျင်းပခဲ့သည်။
တောင်တွင်းကြီး၊ မေ ၂၇
တောင်တွင်းကြီးမြို့နယ် အင်ကုန်းကျေးရွာအုပ်စု ရွှေအင်ပင်ကျေးရွာမှ ပြည်သူ ၁၅၇ ဦး သည် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာသည့်အတွက် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲကို ၂၇.၅.၂၀၁၈ ရက် နေ့လည် ၁ နာရီခွဲတွင် ၄င်းကျေးရွာ၌ ကျင်းပခဲ့သည်။
မကွေး၊ မေ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးပါတီလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှေးဦးစွာ တက်ရောက်လာကြသော ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ်ဥက္ကဋ္ဌများက ၄င်းမြို့နယ်၏အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေး မှူး ဦးဆန်းညွန့်အောင်နှင့် ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းတို့က လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
မမေဇင်သော်အောင်
မင်းတုန်းမြို့နယ် (ပြည်ခိုင်ဖြိုးလူငယ်)
မေ၊ ၂၂
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်လူငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမတွင် ယနေ့ (၂၂.၅.၂၀၁၈)တွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခဲ့ကြပြီး ပါတီဝင်လူငယ်များက ပြည်ခိုင်ဖြိုးလူငယ် သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။
မကွေး၊ မေ ၊ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီမှ စတင်၍ တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး၊ တိုင်းပါတီကော်
မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီ ဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်ကော်မတီဝင် ဦးအောင်နိုင်၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူးမြို့နယ်တို့မှ အခမ်းအနား
ကျင်းပရေး အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါလူငယ်နှီးနှောဖလှယ်ပွဲကို ယခုလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆိတ်ဖြူ မေ ၁၅
ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ ဆရာတော်ဦးသုဂန္ဒကျောင်း တွင် တရားရိပ်သာဆောက်လုပ်ရန်အတွက် ဝါဇီမြို့သစ်တိုက်ကျောင်း ဆရာတော်ကြီးအားအမှူးထား၍ ဦးလှဆောင်မိသားစုမှ တရားရိပ်သာ ကျောင်းဆောက်လုပ်ရန်အတွက် ကျပ်သိန်း ၁ဝဝ လှူဒါန်းမည် ဖြစ်ရာ ပထမအရစ်အနေဖြင့် ငွေကျပ် ၂၅သိန်းအား လက်ဆည်ဆရာ တော်ဦးသုဂန္ဒအား ဆိပ်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင် မှ လှူဒါန်းခဲ့သည်။
မေ ၈
အောင်လံမြို့နယ် ပြလို့အခြေစိုက် ကျောက်မဆင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံဆောက်လုပ်နိုင်ရန် ဘိလပ်မြေ ၂၅ အိတ်ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှသွားရောက် လှူဒါန်းခဲ့ပါသည်။
USDP, Magway Region
လေပြင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်ဆီးသွားသော ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းဆောင် ပြန်လည်ပြုပြင်နိုင်ရေး အတွက် ပြည်ခိုင်ဖြိုးပါတီမှ အမိုးသွပ်အချပ်(၈၀)ပေးအပ်လှူဒါန်းခဲ့သည်။
USDP, Magway Region
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်စိုးတို့သည် ယနေ့ နံနက် (၁၀) နာရီတွင် ညောင်ပင်သာကျေးရွာ ပါတီကော်မတီဝင်များဖြင့်တွေ့ဆုံ ၍ လက်ရှိနိုင်ငံရေးအခြေအနေ၊ ပါတီရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
Aung Thut Ta Han
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်များ ကွင်းဆင်း ပေးအပ်လျက်ရှိရာ ယမန်နေ့ ညပိုင်းက အုန်းတော(၂)ရပ်ကွက် ပါတီ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲကျင်းပခဲ့သည်။