စလင်းပြည်ခိုင်ဖြိုးဓမ္မစကူးလ်ကျောင်း သန့်ရှင်းရေးလုပ်အားပေး

 

မကွေးတိုင်းဒေသကြီး စလင်းပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌဦးခင် မောင်၊ အတွင်းရေးမှူးဦးဇော်နိုင်နှင့်ကော်မတီဝင်များသည် ယနေ့ နံနက်ပိုင်းက ပေါင်းပင်းဇင်းရပ် ဓမ္မသုခဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ဗုဒ္ဓအဆုံးအမများ သင်ယူနိုင်ရန် အတွက် ကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း သန့်ရှင်းရေးများပြုလုပ်၍ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)


စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့

 

စလင်း သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်နွယ်နီနိုင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးဝင်းခိုင်၊ ဦးတိုးတိုး၊ ဦးနိုင်ထူး၊ ဦးချမ်းတို့သည် ယနေ့ နံနက် ၁ဝနာရီက တောစိမ့်အုပ်စု လက်ပန်ကန်ကျေးရွာသို့ သွားရောက်၍ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းရွှေနှင့် ပါတီကော်မတီဝင်များအားတွေ့ဆုံ၍ ပါတီအောင်နိုင်ရေးနှင့် ရပ်ရွာစီးပွားရေး အခြေအနေများ၊ ပါတီဝင် တိုးတက်ရရှိမှု အခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​အား​ပေးပြီး ဂုဏ်​ပြုကြိုဆိုနှုတ်​ခွန်းဆက်​စကား ​ပြောကြား

 

ရေနံ​ချောင်း၊ သြဂုတ်​၊ ၉

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကျွန်းမကြီးကျေးရွာ အလယ်တန်းအဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 

ဆိပ်ဖြူမြို့နယ် ကျွန်းမကြီးကျေးရွာ အလယ်တန်းအဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်းတွင် ကျင်းပရာ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာမှအကြီးအကဲများ၊ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျောင်းသားကျေားသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပါသည်။

မင်းဘူး(စကု)မြို့နယ် ရွှေချောင်းကျေးရွာ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲအခမ်းအနား ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

မင်းဘူး သြဂုတ် ၈

မင်းဘူး(စကု)မြို့နယ်ရွှေချောင်း ကျေးရွာ ပါတီဆိုင်းဘုတ်အသစ် တင်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေချောင်းကျေးရွာတွင် ကျင်းပခဲ့ သည်။ ဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို နိုင်ငံတော်အလံ အလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုပြီး ဖွင့်လှစ်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကံမမြို့နယ် ကြို့ပင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ ပါတီဝင်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကံမ၊ သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဦးစွာတက် ရောက်ခဲ့သည်။

ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​ချီးမြှင့်ပြီး ကြိုဆိုနှုတ်​ခွန်းဆက်​စကား ​ပြောကြား

 

ကံမ၊ သြဂုတ်​၊ ၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီး တာဝန်​ခံ ဦးပိုက်​​ထွေးသည် ​ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်းပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း၊ တိုင်းပါတီကော်​မတီဝင်​ ဦးဟန်​​မောင်​ တို့နှင့်​အတူ ယ​နေ့ ၀၉:၃၀ နာရီအချိန်​တွင်​ သရက်​ခရိုင်​၊ကံမမြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​​သော ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ တက်​​ရောက်​အား​ပေးခဲ့ပြီး ကြိုဆိုနှုတ်​ခွန်းဆက်​‌စကား​ပြောကြားခဲ့ပါသည်​ ။

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်

နတ်မောက်၊ သြဂုတ် ၅

မြတ်စွာဘုရားရှင်သည် သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့ရှောင်ကြဉ်ရန်၊ ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး လိုက်နာကျင့်ကြံရန် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ခေါ် မဂ္ဂင်ရှစ်ပါး သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မစက္ကပဝတ္တနသုတ္တန် (ဓမ္မစကြာ) တရားကို ဟောကြားတော်မူခဲ့ သည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်

 

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီနိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင်ပွား) သင်​တန်းအမှတ်​စဉ် ​(၂) အား မ​ကွေးတိုင်း ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့်​ ​ကော်​မတီဝင်​များ၊ ​ချောက်​မြို့နယ်​ပါတီဥက္ကဌ ဦးဝင်းနိုင်​ဦး၊ အတွင်း​ရေးမှူး ဦးသန်းလှိုင်​​နှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ သင်​တန်းသူသင်​တန်းသားများ တက်​​ရောက်​ခဲ့ကြပါသည်​ ။


မြို့သစ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ဇူလိုင် ၃၁

မြို့သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ပါတီနာယကများနျှင့် ပါတီဝင်များသည် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း ပရိတ်တရားတော်များ နာယူခြင်တို့ကို ဆောင်ရွက်ခဲ့ကြသည်။