22.8.2018
၂၂. ၈. ၂၀၁၈ နေ့ ၁၄၀၀ နာရီတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကုမြို့ ကုလားပါးကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
22.8.2018
၂၂. ၈. ၂၀၁၈ နေ့ ၁၄၀၀ နာရီတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကုမြို့ ကုလားပါးကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
မင်းဘူး သြဂုတ် ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မင်းဘူး ပြည်ခိုင်ဖြိုးရုံး၌ပြုလုပ်ရာ တိုင်းပါတီဥက္ကဋ္ဌနှင့်တကွ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်တွင်း မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်မြို့နယ်ကော်မတီ၊ အရန်ကော်မတီဝင် များတွေ့ဆုံကြ၍ ရက်သတ္တပတ်အတွင်း ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မင်းဘူး(စကု)၊ သြဂုတ်၊ ၂၂
ချောက် သြဂုတ် ၂ဝ
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးအမာခံ နယ်မြေလှည်းကြီးစုရပ် အမာခံပါတီဝင်များက ရေနုတ်မြောင်း ဖောက်လုပ်ရေးတွင် လုပ်အားပေးဆောင်ရွက်ခဲ့ပြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှ ဘဏ္ဍာရေးမှူးဒေါ်နွယ်နီနိုင်၊ မြို့နယ်ကော် မတီဝင်ဦးဝင်းခိုင်၊ ဦးဌေးအောင်တို့က အာဟာရဒါနကျွေးမွေးခဲ့ ကြောင်း သိရသည်။
နွယ်နီနိုင်(ချောက်)
နတ်မောက် သြဂုတ် ၂ဝ
မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၁ဝ နာရီ ကမြို့နယ်ကော်မတီဝင်များအစည်း အဝေးကျင်းပခဲ့ကြောင်းသိရသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လတ်မိုးက အဖွင့်အမှာစကားပြော ကြားခဲ့ရာ ပါတီဝင်များအနေဖြင့် ပြည်သူတို့၏အခက်အခဲ ကြုံတွေ့ နေမှုရှိမရှိ ပြည်သူတို့၏အသံများ သိစေဖို့ ပြည်သူနှင့်အတူ ပူးပေါင်း ပါဝင်လုပ်ကိုင်ပေးကြပါရန် မိမိတို့ တတ်နိုင်သည်များကို ကူညီပေး ကြရန် ပြောကြားခဲ့သည်။
မကွေး သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကန်ပြားကျေးရွာ ပေါက်အိုဓမ္မရိပ်သာကျောင်းတိုက်ရှိ ဓမ္မစကူးလ်သင်တန်း ကျောင်းသားကျောင်း သူများကို ယနေ့နေ့လယ်က အာဟာရဒါနလှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါအာဟာရဒါနလှူဒါန်းပွဲသို့ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်၊ မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်ဌေး အောင်၊ ဦးထွန်းအောင်ကျော်၊ ဒေါ်ခင်မင်းသိန်း၊ ရုံးအဖွဲ့များဖြင့်သွားရောက်၍ ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။
မကွေး သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်၊ အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ပါတီကော်မတီများသည် လူငယ်ကိုယ်စားလှယ် ကိုအောင်ဆန်းထွန်း နှင့်လူငယ်ကော်မတီဝင်များ ပါဝင်လျက် မန်ကျည်းကန်ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို ပါတီဝင်ဦးအောင်မြိုင်နေအိမ်၌ ယနေ့နံနက်က သွားရောက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံခြားငွေကြေးမတည်ငြိမ်မှုတို့ကြောင့်ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နွယ်နီနိုင်(ချောက်)
ရေစကြို ၊ သြဂုတ်၊ ၁၉
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်၊ရေစကြိုမြို့နယ် သာစည်အုပ်စုကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးမကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ဘဏ္ဍာရေးမှူး
ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ ၊ပခုက္ကူခရိုင်ပါတီဥက္ကဌဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးသိန်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်အသစ် ၃၇၅ ဦး အပါအဝင်စုစုပေါင်းအင်အား ၇၀၀ ကျော်တက်ရောက်ခဲ့ကြပါသည် ။
မင်းဘူး/စကုမြို့နယ်တွင် တိုင်း/ခရိုင်/မြို့နယ်စုံညီအစည်းဝေးကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင် ၊ တိုင်းတောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်နိုင်၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး၊ တိုင်းလုပ်ငန်းစစ်ဆေးရေးကော်မတီတာဝန်ခံ ဦးစောဝင်းမောင်၊ တိုင်းစည်းရုံးရေးရာတာဝန်ခံ ဦးဟန်မောင်၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ် (၅) မြို့နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။