
အာဆင်နယ်အသင်းက အမ်းမရိတ်ကွင်းအား တိုးချဲ့တည်ဆောက်မှု ပြုလုပ်နေစဉ် ဝင်ဘလေကွင်းကို ယာယီအသုံးပြုဖွယ်ရှိ
==================
အာဆင်နယ်အသင်းသည် အမ်းမရိတ်ကွင်းအား တိုးချဲ့တည်ဆောက်မှုပြုလုပ်နေစဉ် ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် ယာယီအသုံးပြုဖွယ်ရှိကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ပရိသတ် ၆၀၇၀၄ ဦးဝင် ဆံ့သည့် အိမ်ကွင်းအမ်းမရိတ်ကို တိုးချဲ့တည်ဆောက်နိုင်ရန် ပြီးခဲ့သည့်နှစ်များက စီစဉ်နေခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ကနဦးစီမံကိန်းများ စတင်ချမှတ် နေပြီဖြစ်သည်။









